Thursday, October 30, 2014

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းအား The Nature Conservancy (TNC) နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော ပညာ လေ့ကျင့် ပညာပေးရေး ဗဟိုဌာန(Regional Community Forestry Training Center for Asia and the Pacific - RECOFCT) တို့မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ






နေပြည်တော် အောက်တိုဘာ ၃၀
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား The Nature Conservancy (TNC), Asia Pacific Region , Deputy Managing Director ဖြစ်သူ Mr. Jack Hurt နှင့် Communication and Partnership Manager, Ms. Allson Lewin၊ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ပညာ လေ့ကျင့်ပညာပေးရေး ဗဟိုဌာန (RECOFCT) မှ ဒေါက်တာ တင့်လွင်သောင်းနှင့် ဒေါက်တာမောင်မောင်သန်းတို့သည် ယနေ့မွန်းလွဲ (၁၄:၀၀) နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ စီမံကိန်းနှင့်စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြန်မာ့သစ်လုပ်ငန်းနှင့် မြေတိုင်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တို့တက်ရောက်ကြပြီး အမေရိကန်အခြေစိုက် The Nature Conservancy အဖွဲ့၏ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ သဘာဝ သယံဇာတများ ရေရှည်တည်တံ့ရေး စီမံအုပ်ချုပ်သည့် လုပ်ငန်းများ၊ အခြားနိုင်ငံများ၌ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်အခြေခံပစ္စည် များ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရေး၊ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရေး တို့အတွက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်း များ၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်များ၊ သစ်တော ကဏ္ဍမှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များတွင် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ အာရှ-ပစိဖိတ် ဒေသ ဆိုင်ရာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ပညာ လေ့ကျင့်ပညာပေးရေး ဗဟိုဌာန အနေနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အတွက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများတို့ကို ဆွေးနွေးကြကြောင်း သိရှိ ရပါသည်။
           

No comments:

Post a Comment