Sunday, October 5, 2014

ရင်းနှီးမြှုပ်နှံမှုအပြန်အလှန်တိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆို




ရန်ကုန်  အောက်တိုဘာ 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အစ္စရေးနိုင်ငံ အစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှုအပြန်အလှန်တိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် ရန်ကုန်မြို့  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်တိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Hegay Moshe Behar  တို့က အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ် ချုပ်ဆိုခဲ့ကြသည်။
အဆိုပါသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုပိုမိုတိုးပွားလာစေ၍ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်ကာ နိုင်ငံသားများအနေဖြင့်   အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်တိုးမြှင့်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို   ပထမဆုံးအကြိမ် အဖြစ်ချုပ်ဆိုခြင်းဖြစ်ပြီး အလားတူရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်ကို နိုင်ငံပေါင်း ၁၀ နိုင်ငံ     နှင့်လည်း ချုပ်ဆိုနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment