Monday, October 27, 2014

လျှပ်စစ်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီး ဌာနတို့ပူးပေါင်းဆောင်ရွက်



နေပြည်တော်၊ အောက်တိုဘာ ၂၇
သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးနှင့် အဖွဲ့တို့သည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုပြီး လျှပ်စစ်ကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ် ဖြည့်‌ဆည်းရေးအတွက် လုပ်ငန်းခွင်တွင် လက်တွေ့ကျွမ်းကျင်သည်အထိ ဝန်ကြီးဌာန (၂) ခု ပူးပေါင်းစီစဉ်ရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေး ကြပါသည်။

ထို့နောက် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)မှ ကျောင်းအုပ်ကြီး ဦးသက်လွင်တိုးက သင်ကြားရေးနှင့် လက်တွေ့လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် လျှပ်စစ်စွမ်းအား နည်းပညာနှင့် ပတ်သက်သော နည်းပညာဆိုင်ရာ လက်တွေ့ခန်းများ၊ စက်မှုနှင့်တည်ဆောက်ရေးဆိုင်ရာ လက်တွေ့ခန်းများနှင့် စာသင်ခန်းများကို ကြည့်‌ရှုစစ်ဆေးပြီး လိုအပ်သော သင်ထောက်ကူပစ္စည်းများ ဖြည့်‌တင်း နိုင်ရေးနှင့် နည်းပြလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

သက်မွေးပညာဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ Task Force အဖွဲ့အနေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ကာ လက်တွေ့လုပ်ငန်းခွင် ဝင်နိုင်အောင် အထည်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် များအတွက် တည်ဆောက်ရေး လုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားများ သင်ကြားမွေးထုတ် ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

No comments:

Post a Comment