နေပြည်တော် အောက်တိုဘာ
၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဩစတြေးလျဓန သဟာယနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းဆွေးနွေးမှု ယန္တရားတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျဓန သဟာယနိုင်ငံ သံအမတ်ကြီး မစ္စ ဘရွန်တီ နာဒိုင်းမိုးလ်တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ ဩစတြေးလျနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment