ပခုက္ကူ - အောက်တိုဘာ - ၉
မူလဒါယကာ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော
ပခုက္ကူမြို့၊အမှတ်(၉)ရပ်ကွက် ၊ ဗိုလ်ချုပ်
လမ်းရှိ ရှေးဟောင်း သမိုင်းဝင် ရွှေကူမြတ်စွာဘုရား မီးပူဇော်ခံ ဒေသစာရီ ကြွချီပွဲတော်ကို
အောက်တိုဘာ (၉)ရက် ၊ ည(၇)နာရီမှ စတင်လျှက်
ဒေသစာရီကြွချီအပူဇော်ခံခဲ့ကြောင်းသိရသည်။
ဒေသစာရီကြွ ချီ ရာတွင် ရွှေကူဘုရားကြီးတိုက်
ပဓာန နာယက ဆရာတော် ဦးသီလစာရ ဦးဆောင် ၍ ရွှေကူ နိဗ္ဗာန်ဆော် အဖွဲ့၊ ရွှေကူမင်္ဂလာစည်တော်အဖွဲ့၊
ရတနာဝန်း (ရာဇာဝင်း+ဒေ၀ါဝင်း) အလှပြ အဖွဲ့များတွင် ရပ်ကွက် လှပျိုဖြူ များ နှင့်အတူ
ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော ဆန်းတိုးနိုင်+မိုးယုစံ ၊ကောင်းပြည့် +ယုသန္တာတင်၊
မိုးမြင့်မောင်မောင်အောင် + မူယာအောင် တို့မှလိုက်ပါ ပူဇော်ကြပြီး၊ အမှတ်(၉)ရပ်ကွက်မှ
ကလေး ငယ်များ၏ တစ်ခိုင် လုံးရွှေ ယိမ်းအကအဖွဲ့ ၊ သံစဉ်ချိုမြ တေးဂီတ အဖွဲ့ ၊များဖြင့်လှည့်လည်အပူဇော်
ခံရာ စည်ကားလျှက် ရှိကြောင်း သိရသည်။
ဒီ နှစ်ကတော့ မနှစ်ကနဲ့မတူဘူးပိုပြီးစည်ကားလာတယ်ဗျ။
ပခုက္ကူမြို့ပေါ်ပြည်သူတွေပါမက နယ်က ပြည်သူ တွေပါ
ဧရာဝတီ တံတား(ပခုက္ကူ) ပေါ်ကဖြတ်ပြီး ရွှေကူမြတ်စွာ ဘုရား မီးအပူဇော်ခံဒေသ စာရီလှည့်လည်
ကြွချီ ပွဲကို လာရောက် ပူဇော်ကြပါတယ် ။ ည(၇)နာရီအချိန်ကစတင်ထွက်တာ ည(၁၁း၃၀) နာရီ အချိန်မှ ရွှေကူ ဘုရားကြီးကို ပြန်ရောက် ပါတယ် ဟု ဒေသစာရ
ီပွဲကျင်းပ ရေး ကော်မတီ ၀င်တစ်ဦး ကပြောသည်။

No comments:
Post a Comment