မြစ်ကြီးနား စက်တင်ဘာ ၃
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ကျင်းပသော ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူ ဒါန်းပွဲကို စက်တင်ဘာလ
(၃) ရက်နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပလန (၁) ပိတောက်မြိုင်ရပ်ကွက်၊ စိန်ဖရန်စစ် ဇေးဗီးယား
မိဘမဲ့ကျောင်း၌ ကျင်းပရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ဇနီးများ၊ ပြည်နယ်အမျိုး
သမီးရေးရာဥက္ကဌ ဒေါ်မြနုနှင့်အဖွဲ့ဝင်များ၊ စိန်ဖရန်စစ်ဇေးဗီးယား မိဘမဲ့ကျောင်းတာဝန်ခံ
စစ္စတာရ်ကြီး မော်နီ ကားဂျာအောန်နှင့် ဆရာ/မများ
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊
ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးရေးရာ
ဥက္ကဌနှင့်အဖွဲ့ဝင်များက ဆန် (၂) အိတ်၊ အာလူး (၁၀) ပိဿာ၊ ကြာဇံ (၅) ပိသာ၊ ဆီ (၁၀) ပိသာပုံး
(၁) ပုံး၊ အမျိုးသမီးဝတ်စုံ (၃၆) စုံ၊ ယင်းမာဖိနပ်
(၃၆) ရံ၊ ကျောင်းသူ (၁၈၈) ဦးအတွက် စုစုပေါင်းတန်ဖိုးငွေ (၂၂၀၃၀၀ိ/-) ကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ
စိန်ဖရန်စစ်ဇေးဗီးယား ကျောင်းတာဝန်ခံ စစ္စတာရ်ကြီးမော်နီကားဂျာအောန်က လက်ခံရယူခဲ့ပြီး
ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment