နေပြည်တော် စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၄)လမ်းမကြီး၏ မိုင်တိုင်အမှတ် (၆/၁)၊ လိတ်ပုပ်ချောင်း အနီးရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မင်းဓမ္မကုမ္ပဏီမှ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ ထိခိုက်မှုကြောင့် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့သဖြင့် ပိုက်လိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်ည ၈ နာရီခွဲတွင် ပြီးစီးသဖြင့် သဘာဝဓာတ်ငွေ့ ပုံမှန်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment