Friday, September 12, 2014

ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ သဘောတူစာချုပ်ရေထိုး


နေပြည်တော် စက်တင်ဘာ ၁၁
 
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနနှင့် ဟော်လန်နိုင်ငံ အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF- Holland (AZG) တို့၏ MoU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စက်တင်ဘာ ရက် မွန်းတည့် ၁၂ နာရီတွင် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမင်းသန့်ညွန့်နှင့် MSF-Holland (AZG) မှ Head of Mission Mr. Jean- Christophe Dolle တို့က သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

အဆိုပါ MoU သက်တမ်းသည် နှစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ကျန်းမာရေးဦးစီးဌာနနှင့် ဟော်လန်နိုင်ငံအခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ တို့ပူးပေါင်း၍ ငှက်ဖျားရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ တီဘီရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများ၊ မိခင်/ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၉ ဒသမ သန်းခန့် ကျခံ သုံးစွဲကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment