Friday, September 5, 2014

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးအား ဂျပန်နိုင်ငံသံအမတ်ကြီးလာရောက်တွေ့ဆုံ



နေပြည်တော်   စက်တင်ဘာ    ၅ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Tateshi HIGUCHI ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် (၁၁)နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရုံးဧည့်ခန်းမဆောင်၌ လာရောက်တွေ့ ဆုံသည်။

ထိုသို့တွေ့ဆုံရာ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများအတွက် ပြင်ဆင် ဆောင်ရွက် ထားရှိမှု၊ လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည့် ရွေးကောက်ပွဲစနစ်များနှင့်ပတ်သက်၍  ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲ များနှင့် လိုက်လျောညီထွေစွာလုပ်ဆောင်သွားရမည့် မဲဆန္ဒရှင်ပညာပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ များကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ကာလအတွင်း အငြင်းပွား မှုများအား ဖြေရှင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း ဆောင်ရွက်ထားရှိရမည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် ၂၀၁၅ ခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲများအား လွတ်လပ်၍ တရားမျှတပြီး ဥပဒေနှင့်အညီဆောင်ရွက်သွားရန် စီစဉ်ထားရှိပုံ များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။
ယင်းသို့တွေ့ဆုံရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကို၊ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment