Wednesday, September 10, 2014

တောင်သူပညာပေးကွင်း သရုပ်ပြပွဲနှင့် စုပေါင်းဓါတ်မြေသြဇာ ကြဲပက်ပွဲကျင်းပ



သထုံ  စက်တင်ဘာ 
သထုံမြို့နယ်၊ ဇရစ်ချောင်ကျးရွာအုပ်စု ကွင်းအမှတ် (၆၁၉)  တောင်သူ ဦးကျော်ဝင်းစိန်၏ ပုလဲသွယ် စံပြ စိုက်ခင်းတွင် စက်တင်ဘာလ ၉ ရက်၊ နံနက် ၈ နာရီက တောင်သူပညာပေးကွင်း သရုပ်ပြခြင်းနှင့် စုပေါင်း ဓါတ်မြေသြဇာ ကြဲပက်ပွဲ ကျင်းပခဲ့သည်။ 



အခမ်းအနားသို့ သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဘသိန်း၊ ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမြင့်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာန ၀န်ထမ်းများနှင့် ဒေသခံ တောင်သူများ တက်ရောက် လေ့လာခဲ့ကြသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်းက သိပ္ပံနည်းကျ စိုက်နည်းစနစ် (GAP) ၏ အကျိုးကျေးဇူးများ၊ ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ အချိန်ကိုက် သုံးစွဲနည်းများနှင့် အောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် မိုးစပါး စိုက်ခင်းများအား ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများကို ပညာပေး ဆွေးနွေးခဲ့သည်။
သထုံမြို့နယ်တွင် မိုးစပါးစိုက်ဧကပေါင်း (၁၂၅၄၂၈)ဧက ရှိပြီး ယင်းတို့အနက် (၂၀၂၅၀)ဧကကို GAP စနစ်ဖြင့် စိုက်ပျိုး ထားရှိကြောင်း သိရှိရသည်။

No comments:

Post a Comment