သည်ဟေ့ဂ် စက်တင်ဘာ ၉
နယ်သာလန်နိုင်ငံ၌ ရောက်ရှိနေသော
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် သည်ဟေ့ဂ်မြို့ရှိ
Wassenaar နန်းတော်၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း၏ ဘဏ္ဍာရေးဆိုင်ရာ
အထူးပုဂ္ဂိုလ် နယ်သာလန်နိုင်ငံ မိဖုရား Queen Maxima နှင့် တွေ့ဆုံသည်။
တွေ့ဆုံ အပြီးတွင် နိုင်ငံတော်သမ္မတ
နှင့် နယ်သာလန်နိုင်ငံ မိဖုရား Queen Maxima တို့ သည် အတူတစ်ကွ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

No comments:
Post a Comment