Monday, September 8, 2014

နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၄၁)ခုအား အခမဲ့ထုတ်ပေး

လောင်းလုံး စက်တင်ဘာ ၈
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊ ထားဝယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ NRCအဖွဲ့ မှတာဝန်ရှိသူများသည် ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီ ကျေးရွာ မူလတန်း ကျောင်းတွင် စက်တင်ဘာ (၇)ရက်နေ့ နံနက် (ဝ၈းဝ၀)နာရီမိုးပွင့်စီမံချက် အဆင့်(၆)အရ ကွင်းဆင်း ဆောင်ရွက်ရာ ကျေးရွာပြည်သူလူထု တစ်ဦးချင်းစီကို နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၄၁)ကတ်အား ပေးအပ်ခဲ့ပါသည်။

ကျေးရွာပြည်သူလူထုအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ကုန်ကျသည့် ဓါတ်ပုံရိုက်ခ၊ သွေးစစ်ခ၊ မိတ္တူဆွဲခများအား လည်းကောင်း၊ လဝကဝန်ထမ်းများနှင့် လုပ်အားပေးများ သွားလာရေး၊ စားသောက်ရေး အတွက် ကုန်ကျ စရိတ်များအား လည်းကောင်း၊ NRC (NORWEGIAN REFUGEE COUNCIL)အဖွဲ့မှ ကူညီပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment