မြိတ် စက်တင်ဘာ ၁၀ ရက်
ကျောင်းသားကျောင်းသူများ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်
ရည်ရွယ်၍ ပုလောမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့
ပူးပေါင်း၍
အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ပုလောမြို့ အမက(၅)ကျောင်းတွင်
စက်တင်ဘာလ(၉)ရက် နံနက်(၉း၃၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရန်အတွက် ခြင်ကြောင့်
ဖြစ်တတ်သော ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ အကြောင်းကိုလည်းကောင်း၊
တစ်ကိုယ်ရေ သန့်ရှင်းရေး နေထိုင်မှုအကြောင်းကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းနှင့်
စာပေဖတ်ရှုရသည့်အကျိုး ကျေးဇူးများကို တာဝန်ရှိသူများက အသိပညာပေး ဟောပြောခဲ့ကြကြောင်း
သိရှိရသည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျန်းမာရေးဦးစီးဌာန သွားဆရာဝန် ဒေါက်တာအေးအေးမြင့်နှင့်
ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား/သူ (၄၈၅)ဦးအား သွားကျန်းမာရေးစစ်ဆေးပေး၍ ဗီတာမင်
ဆေးများ၊ သန်ချဆေးပြား များကို တိုက်ကျွေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment