ရန်ကုန်
စက်တင်ဘာ ၁၂
အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦသောင်းထိုက်သည်
တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့နံနက် (၁၁) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်
သန်လျင်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန သီဟာဒီပ မိုးလုံလေလုံ အားကစားရုံဟောင်းအား
ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းနှင့် အသစ်တည်ဆောက် လျက်ရှိရာ အလျား (၁၂၀) ပေ၊ အနံ (၆၀)
ပေရှိ တိုက်ကွမ်ဒို အားကစားခန်းမနှင့် အလျား (၁၆၂) ပေ၊ အနံ (၃၇) ပေ၊ အနက် (၄ပေမှ ၇ပေ)
ရှိ ရေကူးကန်သစ် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးက မှာကြားရာတွင် တိုက်ကွမ်ဒို အားကစားခန်းမအတွင်း
ပါဝင်ရမည့် အားကစားသမားများ အဝတ်လဲခန်း၊ နားနေခန်းများ၊ Toilet ခန်းများပါရှိရေးနှင့်
ရေကူးကန်အသစ် တည်ဆောက်ရာတွင် ရေကြည်လင်မှု ရှိစေရေးအတွက် ရေလဲလှယ်မှုစနစ်အား စနစ်တကျရှိစေရေးနှင့်
အရည်အသွေး ကောင်းမွန်ရေး၊ ကန်အတွင်း ကြွေပြားများကပ်ရန်နှင့် ရေကန်၏ ဘေးပတ်လည်တွင်
(၃) ပေ အုတ်ရိုးကာ၍ အပေါ်တွင် သံဇကာများတပ်ဆင်နိုင်ရေး၊ သီဟဒီပအားကစားရုံဟောင်း ပြန်လည်
ပြင်ဆင်ရာတွင် ခိုင်ခံ့မှု ရှိစေရေးအတွက် ပင်မတိုင်များ၊ အမိုးဒိုင်းများ ပြန်လည်တည့်မတ်ခြင်း
လုပ်ငန်းခွင်နှင့် တိုင်များ အစားထိုး လဲလှယ်ခြင်းများ ဆောင်ရွက်နေမှု များကိုလည်းကောင်း၊
အားကစားရုံများ တစ်ရုံနှင့်တစ်ရုံ ဆက်သွယ်မှု ရှိစေရေးအတွက် ပင်မဝင်ပေါက်များထားရှိရေးနှင့်
အားကစားရုံများ ပတ်ပတ်လည်တွင် ရေနှုတ်မြောင်းများ ထားရှိရေးတို့ကို တော်ဝင်ကမ္ဘာ ဆောက်လုပ်ရေးမှ
တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment