နေပြည်တော်-စက်တင်ဘာ
၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် နှင့်အဖွဲ့သည် ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန် နိုင်ငံနှင့် နယ်သာ လန်နိုင်ငံတို့သို့
တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ညနေ(၅)နာရီ တွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းဖြင့်
ထွက်ခွာသွားကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊
ဦးဉာဏ်ထွန်းအောင်၊ ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ဦးသန်းဆွေနှင့်
တာဝန်ရှိသူများလိုက်ပါသွားကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃
ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်မှ မတ်(၈)ရက်အထိ ဥရောပ ငါးနိုင်ငံဖြစ်သော နော်ဝေ၊ ဖင်လန်၊
ဩစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့သို့လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်(၁၄)ရက်မှ
(၂၀)ရက်အထိ ဥရောပနှစ်နိုင်ငံဖြစ်သော ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့လည်းကောင်း
သွားရောက်ခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဥရောပခရီးစဉ်ဖြစ်သည်။

No comments:
Post a Comment