Tuesday, September 2, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ (၆၉)နှစ်မြောက် အမျိုးသားနေ့ သဝဏ်လွှာ ပေးပို့

နေပြည်တော်- စက်တင်ဘာ ၂
၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂)ရက်တွင် ကျရောက်သော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျုံးသန်စန်း ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
 
အလားတူ ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂)ရက်တွင် ကျရောက်သော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတ နိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းထံသို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။

No comments:

Post a Comment