ကားမိုင်း စက်တင်ဘာ ၃
နိုင်ငံတော် ပြုပြင်ပြောင်းလဲမှု
တတိယအဆင့်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များနှင့် အရာထမ်းများ စွမ်းဆောင်ရည်
မြှင့်တင်ရေး သင်တန်းပို့ချချက်များကို စက်တင်ဘာ (၁) ရက် နံနက် (၁၀) နာရီတွင် ကချင်
ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကားမိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ကျင်းပ
ခဲ့သည်။
နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု
လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်သင်းမာဝင်းက ၀န်ထမ်း များကို ထပ်ဆင့်ရှင်းလင်းရာတွင်
နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များနှင့်အတူ တတိယအဆင့်
အရှိန်မြှင့်တင်မှုတွင် အုပ်ချုပ်ရေးယန္တရားများတိုးတက်ကောင်းမွန်အောင်ပြုပြင်ရေးနှင့်
ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရာတွင် ၀န်ထမ်းများ၏ တာဝန်ရှိမှု၊
တာဝန်ခံမှု၊ တာဝန် ယူမှုတို့ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်၍ ပူးပေါင်းဆောင်ရွက်မှု
တို့အပြင် ပြည်သူ၏ ဆန္ဒကို ရယူကာ မိမိတို့၏ ဌာနလုပ်ငန်းများကို ယခုထက်ပို၍ ထိရောက်အောင်မြင်အောင်ဆောင်ရွက်ရန်
လိုအပ် ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်
ဝန်ထမ်းများက (Third Wave) လုပ်ငန်းစဉ်များတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏
ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက် ရမည့်လုပ်ငန်းများကို
ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
No comments:
Post a Comment