သြဂုက်(၂)ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်
ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော် စေတီတော်မြတ်ကြီးအနီး၌ သြဂုက်(၂)ရက်တွင် အော်ရီးဒူးဆက်သွယ်ရေး
အော်ပရေတာကုမ္မဏီမှ တာဝါတိုင်အသစ် တည်ဆောက်ပြီးစီး နေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါတာဝါတိုင်သည် အမြင့်ပေ၄၂မီတာရှိပြီး
အော်ရီဒူးကုမ္မဏီမှ ၂၀၁၃ခုနှစ် အောက်တိုဘာလမှ စတင်၍ မြန်မာနိုင်ငံသားများ လက်ကိုင်ဖုန်း
ကိုင်ဆောင်နိုင်ရေး လုပ်ဆောင်လျက်ရှိပြီး ဆင်းကတ်များကိုလည်း စတင်ရောင်းချနေပြီး ဖြစ်ကြောင်း
သိရသည်။ တွံတေးမြို့နယ်တွင် ပြည်သူများသည်အော်ရီဒူးကုမ္မဏီမှ လျာထားချက် သတ်မှတ်ချိန်
ကာလအတွင်း ကျန်ဆက်သွယ်ရေး တာဝါတိုင်များ အမြန်ပြီးစီးအောင် တည်ဆောက်နေမှုကြောင့် အော်ရီးဒူး
မိုဘိုင်းဖုန်းများ တွံတေးမြို့နယ် ဖုန်းအရောင်းဆိုင်များတွင် အလွယ်တကူ ၀ယ်ယူအသုံးပြု
နိုင်သည်အတွက် သုံးစွဲသူပြည်သူများ ၀မ်းသာလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment