Tuesday, August 26, 2014

ညောင်ဦးခရိုင်၊ မြင်းခြံခရိုင် နှင့် MYANMAR EGRESS CAPACITY DEVELOPMENT CENTRE အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအား တတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave) အတွက် အလုပ်ရုံ ဆွေးနွေးပွဲ နှင့် စွမ်းရည်မြှင့်သင်တန်း ညောင်ဦးတွင် ဖွင့်လှစ်

ညောင်ဦး ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ မြင်းခြံခရိုင် နှင့် MYANMAR EGRESS CAPACITY DEVELOPMENT CENTRE အဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) အတွက် အလုပ်ရုံဆွေးနွေးပွဲနှင့် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ


အခမ်းအနားကို ဩဂုတ် ၂၆ ရက် ၊ နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင် က အဖွင့်အမှားစကားပြောကြားရာ MYANMAR EGRESS အဖွဲ့မှ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု အား တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု (Third Wave) လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှုအား များစွာ ကျေးဇူးတင်မိပါကြောင်း၊ ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးများအပါအဝင် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ခံ တာဝန်ယူ ဆောင်ရွက်နိုင်ကြဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲနှင့် စွမ်းရည်မြှင့်တင်သင်တန်းကို စီစဉ်ဆောင်ရွက်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား အရာထမ်း၊ အမှုထမ်းများက တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးမှုအနေဖြင့် အပြန်အလှန် မိတ်ဆက်စကားများပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ညောင်ဦးနှင့် မြင်းခြံ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် စုစုပေါင်း သင်တန်းသား (၈၀) ဦးခန့် တက်ရောက်ကြပြီး MYANMAR EGRESS CAPACITY DEVELOPMENT CENTRE မှသင်တန်းနည်းပြဆရာ (၅) ဦးက သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ၄ ရက်ကြာမြင့်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment