တာချီလိတ် သြဂုတ် ၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဆွေမျိုးသားချင်းမရှိဘဲ ထိုင်းနိုင်ငံ
ဗန်ကောက်မြို့သို့ သွားရောက် အလုပ်လုပ်မည့် မြန်မာအမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးငယ်
ငါးဦးအား တားဆီး အသိပညာပေးပြီး နေရပ်သို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက် နံနက် ၁၁ နာရီခွဲက ယာဉ်မောင်း ကိုဦး မောင်းနှင်သည့် ငွေအိုးစည်
ခရီးသည်တင် အမြန်ယာဉ်ငယ်ဖြင့် လိုက်ပါလာသော မောင်စိုင်းလုံ (၁၉ နှစ်)၊ မောင်စိုင်းဝါလှိုင်တိ
(၂၅ နှစ်)၊ မောင်စိုင်းပွန့် (၂၅နှစ်)၊ မောင်စိုင်းမောင် (၁၉ နှစ်)၊ မောင်စိုင်းမောင်ဆွဲ
(၁၆ နှစ်)၊ မောင်ခွန်ထွန်းရီ (၃၀နှစ်)၊ မနန်းမြဦး (၂၄ နှစ်)၊ မနန်းခမ်းလီ (၁၉ နှစ်)၊
မနန်းလှ(၂၃ နှစ်)၊ မနန်းမြဦး (၂၂နှစ်)၊ မနန်းမွန်းမိုင် (၁၈နှစ်) မကောက်ရွာ ကုန်းဆွတ်အုပ်စု
ဆီဆိုင်မြို့နယ်နေ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ငါးဦးတို့သည် ကျိုင်းတုံကားကြီးကွင်း
အရောက် ရွှေမြို့တော် ခရီးသည်တင် မှန်လုံယာဉ်ဖြင့် ထပ်ဆင့် လိုက်ပါလာကြောင်း လူကုန်ကူးမှု
တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁၈) ကျိုင်းတုံမှ စိစစ်ရန် သတင်းပေးချက်
အရ မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ် တာဝန်ကျ ဒုတပ်ကြပ် ဝင်းကြိုင်က စိစစ်နိုင်ရန် လူကုန်ကူးမှု
တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)ရုံးသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ၎င်းတို့
၁၁ ဦးသည် တာချီလိတ်နှင့် ထိုင်းနိုင်ငံတွင် ဆွေမျိုးသားချင်းများ မရှိဘဲ ထိုင်းနိုင်ငံ
ဗန်ကောက်မြို့သို့ သွားရောက် အလုပ် လုပ်ကိုင်ရန် လာရောက်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့်
တားဆီးခဲ့ပြီး ခေတ္တ တပ်ဖွဲ့စိတ်မှူး ရဲအုပ် မင်းအောင်နှင့် ရဲအုပ် မင်းဇော်တို့က တစ်ဖက်နိုင်ငံသို့
တရားမဝင် သွားရောက်ပါက လူမှောင်ခိုမှ တစ်ဆင့် လူကုန်ကူး ဖြစ်ပွားတတ်ပုံ၊ လူကုန်ကူးခံရပါက
ရရှိနိုင်သည့် ဆိုးကျိုးများကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ပြီး ညနေ ၆ နာရီ ၄၅
မိနစ်တွင် ယာဉ်မောင်း ကိုစိုင်း မောင်းနှင်သော ရှမ်းရွှေလီယာဉ်ဖြင့် ၎င်းတို့ ၁၁ ဦးအား
ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment