Saturday, August 2, 2014

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း ဒုတိယအဆင့်တွင် မူလသတ်မှတ်ထားသော စိမ်းလန်း မြေပိုမိုထားရှိသွားမည်



ရန်ကုန်   သြဂုတ် 
သီလဝါအထူးစီးပွားရေးဇုန် စီမံ ကိန်းဒုတိယအဆင့်အကောင်အထည် ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် စနစ် ပိုမိုကောင်း မွန်စေရန် မူလ သတ်မှတ်ထားသော သတ်မှတ် စိမ်းလန်းမြေ ဧရိယာထက် ဟက်တာ တစ်ရာကျော် ထားရှိသွားမည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။ သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအကောင် အထည်ဖော်ရန် ၂၀၁၂ ခုနှစ်တွင် မူလစီမံချက် ရေးဆွဲစဉ်က မြေအသုံး ချမှုအစီအစဉ်တွင် အများပြည်သူသုံးအဆောက်အအုံ
(လမ်း/စိမ်းလန်း မြေ)အတွက် ၅၅၂ ဟက်တာ ထားရှိရန် သတ်မှတ်ခဲ့သော်လည်း အဆင့် မြှင့်စီမံချက် ပြန်လည်ရေးဆွဲချိန်တွင် ၆၈၇ ဟက်တာအထိတိုးမြှင့်ထားရှိရန် ပြင်ဆင် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အတွက် မြေနေရာ ၁၁၅၈ ဟက်တာ သတ်မှတ်ခဲ့ရာမှ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ၉၈၆ ဟက်တာသို့ လျှော့ချ၍ စိမ်းလန်းမြေဧရိယာ ပိုမိုရရှိစေရန်ဆောင်ရွက်ခဲ့ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ်က ပြောကြားသည်။
“သီလဝါ စီးပွားရေးဇုန်ကြီးကို ၂၀၁၂ ကတည်းက စပြီးတော့ Master Plan  ဆွဲခဲ့တယ်။ စက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ အခြေခံ အဆောက်အအုံထားမယ့်နေရာတွေရေထိန်းကန်ထားမယ့် နေရာတွေနဲ့ လူနေဖို့နေရာတွေ ပါမယ်ဆိုပြီးရေးဆွဲ ခဲ့တယ်။ ခုချိန်မှာတော့ပိုပြီး အဆင့် မြင့်တဲ့ စီမံချက်နဲ့ သဘာဝပတ်ဝန်း ကျင်ကိုဘယ်လိုပိုပြီး ကောင်းအောင် လုပ်မလဲဆိုပြီး စဉ်းစားတယ်။ အခု ဆိုရင် လမ်း၊ စိမ်းလန်းနယ်မြေနဲ့ အများပြည်သူသုံးအဆောက်အအုံ တွေပိုပြီး နေရာရဖို့ ကျွန်မတို့ အဆင့် မြင့် စီမံချက်ကို ပြန်လည်ရေးဆွဲခဲ့ တယ်။ ဒါဟာ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် စဉ်းစားပြီး အဆင့်မြင့်တဲ့ စီမံချက်နဲ့ လုပ်ဆောင် နေတယ်ဆိုတာပါပဲ ဟု ဒေါက်တာ သန်းသန်းသွယ်က ပြောကြားသည်။ ယဉ်ကျေးမှုအမွေအနှစ် ထိန်း သိမ်းခြင်းအား ၂၀၁၂ မူလစီမံချက် ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။ ပြန်လည် ပြင်ဆင်ခဲ့သည့် အဆင့်မြင့်စီမံချက်တွင်မူ ယဉ် ကျေးမှုအမွေအနှစ်များအား ချန်လှပ် ၍တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လနောက် ဆုံးပတ်က ပြုလုပ်ခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန် ဟက်တာ ၂၀၀၀ စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများ နှင့်တွေ့ဆုံပွဲမှသိရသည်။
ဖွံ့ဖြိုးရေးဆိုင်ရာ အနာဂါတ် ရည်မှန်းချက်အတွက် ဟက်တာ ၂၀၀၀ အတွင်း ()မြန်မာ့စီးပွားရေး ဦးပိုင် ဖန်ချက်စက်ရုံနှင့် စက်မှုဝန်ကြီးဌာန ဓာတ်ဘူးစက်ရုံ၊ () ရေကြောင်း တက္ကသိုလ်အဆောင်၊() ဖန်ချက် တောရကျောင်း၊ () ရေကြောင်း တက္ကသိုလ်၊ ()စက်မှုဝန်ကြီးဌာန ဓာတ်အားခွဲစက်ရုံ၊ ()စက်မှု ဝန်ကြီးဌာန စက်ရုံဆောက်လုပ်မည့် ဧရိယာ၊ ()မြန်မာ့စီးပွားရေးဦးပိုင်၏ သွပ်ပြား စက်ရုံနှင့် ဖိနပ်စက်ရုံ၊ ()စက်မှု ဝန်ကြီးဌာန ထုပ်ပိုးစက်ရုံနှင့် အထည် ချုပ်စက်ရုံ၊()ခရစ်ယာန် ဘုရားရှိခိုး ကျောင်း၊ (၁၀)သီလဝါ ဆည်၊(၁၁) သီလဝါကုန်းတန်း တောရကျောင်း၊ (၁၂) ဖလန်းကန်ဦးကျောင်း၊ (၁၃)ဖလန်းရွာဦး ဘုရားလေးကျောင်း၊ (၁၄)အေးမြသီတာရပ်ကွက်၊ (၁၅) ဟိန္ဒူဘုရားကျောင်းနှင့် (၁၆)ရွှေပြည် သာရပ်ကွက်တို့ကို အဓိကချန်လှပ် ထားမည့် ဧရိယာများအဖြစ် သတ် မှတ်ထားသည်။ သို့ရာတွင် ယခင် ချန်လှပ်ဧရိယာတွင် ပါဝင်ခဲ့သော စက်မှုလုပ်ငန်းဆောင်ရွက်ရန် ချန်လှပ်ထားသော ဧရိယာကိုမူ ချန်လှပ် ဧရိယာအဖြစ် သတ်မှတ်ခြင်းမရှိတော့ ကြောင်း သိရသည်။

No comments:

Post a Comment