ရန်ကုန် ဩဂုတ်
၂၄
ဘရူနိုင်း ဘုရင့်ဖလား ဘောလုံးပြိုင်ပွဲတွင်
ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည့် မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်း အနားကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့
သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြင့်ဆွေက အောင်ပွဲရ မြန်မာယူ-၁၉ အသင်းအား
ချီးကျူးဂုဏ်ပြုစကားပြောကြားပြီး အောင်ပွဲရ မြန်မာယူ-၁၉ အသင်း ခေါင်းဆောင်မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ ချန်ပီယံဆုဖလားအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ဥက္ကဋ္ဌမှ ချန်ပီယံဆုဖလားအား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ထံ အပ်နှံပြီး ဘောလုံးအဖွဲ့ချုပ်
ဥက္ကဋ္ဌမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထို့နောက် အောင်ပွဲရ မြန်မာယူ-၁၉ အသင်းသားများအား
ဂုဏ်ပြုဆုငွေများပေးအပ် ခဲ့ပြီး အသင်းသားတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

No comments:
Post a Comment