Friday, August 1, 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာသမားများအား လက်ခံတွေ့ ဆုံ၍ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား




နေပြည်တော်   ဩဂုတ်    
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှု ဘ၀မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဆိုင်ရာဥက္ကဋ္ဌ ဦးသိန်းဆွေတို့နှင့်အတူ ယနေ့
မွန်းလွဲ(၁၂)နာရီ (၄၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့် ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများမှ အယ်ဒီတာများနှင့် သတင်းထောက်များအား လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့် ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာန(၂၄)ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက်စုစုပေါင်း (၄၁)ဦးတက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment