နေပြည်တော် ဩဂုတ်
၂၄
နေပြည်တော် ပျဉ်းမနားမြို့ မာန်အောင်ကျောင်းတိုက်ကြီး သုံးထပ် ကျောင်းဆောင်သစ် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဆောင် သစ်၌ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင် မိသားစုများနှင့် ပြည်သူအများ လာရောက်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါသုံးထပ်ကျောင်းဆောင်သစ်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဦးအောင်သန်း+ ဒေါ်တင်တင်ဦး မိသားစု(ဇင်ဇင်မုန့်တိုက်)နှင့် ရပ်ဝေး၊ ရပ်နီးမှ စေတနာရှင်၊ အလှူရှင်များစုပေါင်း၍ ငွေကျပ်သိန်း (၂၁၀၀)ကျော် အကုန်ကျခံတည်ဆောက်လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment