ရန်ကုန်
ဩဂုတ် ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက်(၉)နာရီတွင် ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာခန်းမ၌
ကျင်းပသည့် ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း - ၂၀၁၄ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာ
စကားပြောကြားပြီး သိပ္ပံပွဲခင်း-၂၀၁၄ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း - ၂၀၁၄ ဖွင့်ပွဲအခမ်းအနားသို့
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးဒေါက်တာကိုကိုဦး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မင်းအောင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ
ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့မှ ပညာရှင်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ကောလိပ်များမှ
ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက
အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ နိုင်ငံ၏ ပညာရေး အခြေအနေကို ပြည့်စုံသည်ထက်ပြည့်စုံစေရန်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့တာဝန်စတင် ထမ်းဆောင်ခဲ့သည့် အချိန်ကစပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို
အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ ပါကြောင်း၊နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည်
အဆိုပါနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးမှုအပေါ်တွင် အမှီသဟဲပြုနေ သည့်အပြင် ပညာရေးသည် ဖွံ့ဖြိုးမှု၏အခြေခံအုတ်မြစ်ဖြစ်သည့်အတွက်
နိုင်ငံတော်၏ ပညာရေး အဆင့်အတန်းနှင့် ပညာအရည်အသွေးမြင့်မား လာစေရန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို
ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး ပညာရှင်များ၏ အကြံဉာဏ်များဖြင့် အဖြေရှာဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံတော်၏ တတိယအဆင့် အရှိန်မြှင့်တင်မှု
လုပ်ငန်းစဉ်များအဖြစ် အဆင့်မြင့်ပညာကဏ္ဍ ပြုပြင် ပြောင်းလဲရေးဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတကြီး၏
လမ်းညွှန်ချက်များဖြစ်သည့် မျိုးဆက်သစ် လူ့စွမ်းအား အရင်းအမြစ်များကို အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ်
လေ့ကျင့်မွေးထုတ်ပေးရေး၊ အဆင်မြင့်ပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေး မြင့်မားစေရေး၊ သင်ထောက်ကူပစ္စည်းများ
ပိုမိုထိရောက်စွာ အသုံးပြု သင်ကြားစေရေး၊ ခေတ်စနစ်နှင့်ညီသည့် သင်ရိုးညွှန်းတမ်းများ
ပြုပြင်ပြောင်း လဲရေးနှင့် နိုင်ငံတကာအဆင့်မီပညာ ရေးဖြစ်စေရေးတို့ကို မမှိတ်မသုန်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ယခုဆိုလျှင် တက္ကသိုလ်များကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့်
တက္ကသိုလ်များအဖြစ် ဖွံ့ဖြိုးစေခဲ့သည့် အတွက် ရလဒ်အဖြစ် ရန်ကုန်တက္ကသိုလ်သည် ယခင်အခါများက
ကာလကြာရှည်စွာ မကျင်းပဖြစ်ခဲ့သည့် သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာပေးသည့် သိပ္ပံပွဲခင်းကို
ကျင်းပနိုင်ပြီဖြစ်ကြောင်း၊ တက္ကသိုလ်များမှာရှိသည့် ပညာရှင်များသာမက ပြည်တွင်း၊ ပြည်ပ
နည်းပညာကုမ္ပဏီများ၊ ပညာရှင်များပါ ပူးပေါင်းဆောင်ရွက်သော ပွဲဖြစ်သည့်အတွက် အထူးဝမ်းမြောက်
ဂုဏ်ယူပါကြောင်းပြောကြားလိုပါကြောင်း။
သိပ္ပံပွဲခင်းမှ သင်ကြားမှုအထောက်အကူပြုပစ္စည်းများနှင့်
သုတေသနလုပ်ငန်းသုံး စက်ကိရိယာများကို နိုင်ငံတော်အစိုးရအဖွဲ့အစည်းများနှင့် နည်းပညာဆိုင်ရာကုမ္ပဏီအဖွဲ့အစည်းများက
ပြခန်းပေါင်း(၆၀)ဖြင့် ပြသမှာ ဖြစ်သည်ဟု သိရပါကြောင်း၊ ပြခန်းများနှင့်အတူ သုတေသနလုပ်ငန်း
သုံးပစ္စည်းများ ဆိုင်ရာဟောပြောပွဲ၊ ပညာရှင် များ၏ ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများကိုလည်း
ထည့်သွင်းသွားမည်ဟု သိရပါကြောင်း။
ဤပြပွဲရည်ရွယ်ချက်များဖြစ်သည့် ကျောင်းသား၊ကျောင်းသူများ
သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုများကို ပြုစုပျိုးထောင်ပေးရန်နှင့် သိပ္ပံပညာရှင်စိတ်ဓါတ်များ
ကိန်းအောင်းလာစေရန်၊ သင်ကြားမှုအထောက်အကူပြု ပစ္စည်းများ၊ သုတေသနလုပ်ငန်းသုံး စက်ကိရိယာများနှင့်
ပတ်သက်သည့် နည်းပညာများကို ပြည်သူများအတွင်း အသိပညာပြန့်ပွားလာစေရန်၊ တက္ကသိုလ်များနှင့်
စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားရေး အဖွဲ့အစည်းများ အတွင်း သုတေသနနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ၏
ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လာစေရန် ရည်ရွယ်သည့်အတွက်လည်း ယခုကျင်းပသည့် သိပ္ပံပြပွဲသည်
နိုင်ငံတော်၏ ပညာရည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကြီးကို အခန်းကဏ္ဍတစ်ရပ်အဖြစ် အထောက်အပံ့ပေးနိုင်မှာ
ဖြစ်သည့်အတွက်လည်း အားရကျေနပ်ဖြစ်မိ ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ရန်ကုန်တက္ကသိုလ်
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဖြည့်ဆည်း ပေးနေပါကြာင်း၊ ရန်ကုန်တက္ကသိုလ်အနေဖြင့်လည်း
မိမိတက္ကသိုလ် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက် သည့်နေရာတွင် မိမိတို့ကိုယ်တိုင်
တာဝန်ယူဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်အနေဖြင့် လုပ်ငန်း အစီအစဉ်များချမှတ်ပြီး
ရေတိုရေရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်နေသည်ဆိုသည်ကို သိရပါကြောင်း၊ ယင်းအတွက် လိုအပ်ချက်များကို
နိုင်ငံတော်က လိုအပ်သလို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း။ ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံခြင်းသည်
ရေရှည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်အတွက်
နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးမြှင့်ချထား ပေးနေခြင်းဖြစ်ပါကြောင်း၊
ပညာရေးကဏ္ဍအရည် အသွေးမြင့်မားပြီး ဖွံ့ဖြိုးနေသည့်တိုင်းပြည်များ ကိုကြည့်လျှင် နိုင်ငံကြီးသည်ငယ်သည်ထက်
အဆိုပါနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များ၏ အရည်အသွေး အဆင့်အတန်း အနိမ့်အမြင့်ပေါ်
မူတည်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးသည့်နိုင်ငံသည် အရည်အသွေးမြင့်သည့်
ပညာရေးကို ပိုမိုဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ စက်ဝန်းသံသရာထဲရောက်အောင်
ဦးတည်သွားရန်လိုအပ်ကြောင်း ပြောကြားလိုပါကြောင်း။
ယခုကဲ့သို့ သိပ္ပံပွဲခင်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်သည့်အတွက်
ရန်ကုန်တက္ကသိုလ် မိသားစု အားလုံး နှင့်အတူ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့်
ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များအားလုံးကို နိုင်ငံ့ကိုယ်စား အထူးကျေးဇူးတင်ပါကြောင်းနှင့်
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းစွမ်းဆောင်ပေးကြပါဟု
တိုက်တွန်းကြောင်းဖြင့်ပြော ကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက
သိပ္ပံပွဲခင်း -၂၀၁၄ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ၌ ယနေ့ကျင်းပသည့် သိပ္ပံပွဲခင်း-၂၀၁၄ကို
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ရန်ကုန် တက္ကသိုလ်ရှိ သိပ္ပံသုတေသနဌာနနှင့်
သိပ္ပံဘာသာရပ်ပေါင်းစုံက ကြိုးစား အားထုတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သိပ္ပံပွဲခင်းတွင်
ဌာနဆိုင်ရာအဖွဲ့အစည်း (၁၂)ခုနှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီ(၂၈)ခုတို့က ပြခန်းပေါင်း (၆၀)ဖြင့်
သင်ကြားရေးအထောက်အကူပစ္စည်းများ၊ နည်းပညာနှင့် သိပ္ပံပညာ သုတေသနဆိုင်ရာ အသုံးအဆောင်များကို
ပြသသွားမည်ဖြစ်ပါကြောင်း၊
နည်းပညာဆိုင်ရာ ဟောပြောပွဲများကိုလည်း ရန်ကုန်တက္ကသိုလ်
အပန်းဖြေရိပ်သာ၌ နေ့စဉ်ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ နည်းပညာဟောပြောပွဲများအဖြစ် ပြည်တွင်း၊ပြည်ပပညာရှင်များက
လာရောက် ဟောပြောကြမည်ဖြစ်ပြီး ဟောပြောပွဲပေါင်း(၇၄)ခုပါဝင်မည်ဖြစ်ပါကြောင်း၊ ဝိဇ္ဇာခန်းမ၌
ပညာရှင်(၉)ဦးတို့၏ သိပ္ပံပညာရပ်ဆိုင်ရာ ဟောပြောပွဲများကို ကျင်းပသွားမည် ဖြစ်ပါကြောင်းဖြင့်
ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်
ရန်ကုန်တက္ကသိုလ်အနုပညာအသင်း၏ အပျိုတော် ယိမ်းအက၊ ဆီမီးခွက်အက၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊
လီဆူးအက၊ ကရင်ရိုးရာဒုံးအက၊ ပုဂံအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး
ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက အကအဖွဲ့ဝင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည်ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာသို့
သွားရောက်ကြပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သိပ္ပံပွဲခင်း- ၂၀၁၄ ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်
များသည် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း-၂၀၁၄ ကို ရန်ကုန်တက္ကသိုလ်
အပန်းဖြေရိပ်သာ၌ ဩဂုတ်(၂၃)ရက်မှ (၂၅)ရက်အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း
ကျင်းပလျက်ရှိရာ စိတ်ပါဝင်စားသူများပြားပြီး ကြည့်ရှုလိုသူများ၏ တောင်းဆိုမှုအရ ပြပွဲရက်ကို
ဩဂုတ်(၂၆)ရက်အထိ တစ်ရက်ထပ်မံတိုး၍ပြသမည် ဖြစ်ကြောင်းနှင့် မည်သူမဆိုလာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် မွန်းလွဲ(၂)နာရီတွင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး Tမငေညငညါ
ဃနညအမန ၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခချုပ်များ၊ ပါမောက္ခ^ဌာနမှူးများ၊
အင်ဂျင်နီယာမှူးများနှင့် တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတက မိမိအနေဖြင့်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယခုနှစ် မတ်လ (၂၃)ရက်တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် တည်ဆောက်ခဲ့သည့် သက်တမ်းကြာမြင့်ပြီဖြစ်သည့် ဆေးရုံကြီးဖြစ်သည့်အပြင်
ပြည်သူများ အားကိုးအားထားပြုရသည့် ဆေးရုံကြီး
လည်းဖြစ်ပါကြောင်း၊ သက်တမ်းကာလ ရှည်ကြာနေပြီဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌
ပြုပြင်ဆောင်ရွက်သင့် သည်များကို မိမိတို့အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ပြုပြင်ဆောင်ရွက်သွားနိုင်ရန်
မိမိအနေဖြင့် လာရောက် ကြည့်ရှုခဲ့ခြင်းဖြစ်ပါကြောင်း။
မေလအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဒုတိယအကြိမ်
ရောက်ရှိခဲ့ပါကြောင်း၊ ရောက်ရှိစဉ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံပြင်ဆင်ရေး
လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ဖွဲ့စည်းပေးခဲ့သည့်
လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ၏ ဆောင်ရွက်ပြီးစီးမှုများ၊ လက်ရှိဆောင်ရွက်နေမှုများကို
သိရှိပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ပါကြောင်းနှင့်
ဝန်ထမ်းမိသားစုများ၏ အခြေအနေများကိုလည်း တင်ပြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး
ဒေါက်တာလှမြင့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဒုတိယသမ္မတ မတ်လနှင့်မေလအတွင်းရောက်ရှိစဉ်
လမ်းညွှန်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ငါးထပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းများနှင့်
ပြီးစီးမှုအခြေအနေများ၊ အရေးပေါ်လူနာ ဌာနနှင့် ပြင်ပလူနာဌာန အဆောက်အအုံ အကြီးစားပြင်ဆင်မည့်
အစီအစဉ်များ၊ ပင်မဆောင်ပြုပြင်ရေးအတွက် ဆောက်လုပ်ရေးကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါခေါ်ယူထားမှုများ၊
ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီးသို့ လူနာခန်းပြောင်းရွှေ့ပြီးစီးမှုများနှင့် ဆက်လက်ပြောင်းရွှေ့သွားမည့်
အစီအစဉ်များ၊ လူနာများအတွက် ဖြည့်ဆည်း ပေးနိုင်သည့် အခြေအနေများ၊ ဒလမြို့နယ်ဘက်ကမ်းရှိ
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းအိမ်ရာအခြေအနေ များနှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ
ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်းပြီးနောက်
လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့မှုများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
စည်းကမ်း တကျရှိရေး စီစဉ်ခဲ့မှုများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်ဆိုင်များဖွင့်လှစ်ရောင်းချနိုင်ရေး
ဆောင်ရွက် ပေးခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး
ဒေါက်တာမြင့်သိန်းက လုပ်ငန်းများအဆင်ပြေရေး အတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့်
အခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက
ရန်ကုန်ပြည်သူ့ဆေးရုံကြီး လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ထားမှုများ၊
ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဆေးရုံကြီးများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည့်
အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းအောင်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပြည်သူများအားကိုးအားထားပြုရသည့် အထူးကုဆေးရုံကြီးဖြစ်ရေး၊
သင်ကြားရေး ဆေးရုံကြီးဖြစ်ရေး တို့အတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဝန်ထမ်းများ နေအိမ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့်
တာဝန်ရှိသူများက ရန်ကုန် ပြည်သူ့ ဆေးရုံကြီး တိုးချဲ့မွမ်းမံပြင်ဆင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍
သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက
ပြုပြင်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီမီ ပြီးစီးရေးအတွက်
ညှိနှိုင်းဆွေးနွေးခြင်း၊ လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ခြင်းများ၊ အခါမလပ်ပေါင်းစပ်ဆောင်ရွက်သွားကြရန်
လိုအပ်ပုံများ၊ နောင်အကြိမ် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းများ တိုးတက်မှုရရှိအောင်
ဖြည့်ဆည်းဆောင်ရွက်သင့်သည်များကို မှာကြား သည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ငါးထပ်ဆောင် တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

No comments:
Post a Comment