Friday, August 1, 2014

၂၀၁၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ် ကျင်းပ

သာစည် ဇူလိုင် ၃၁
မိတ္ထီလာခရိုင် သာစည်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်အဖြစ် ကျွန်းပင် ၃၀၀၊ လျော်ဖြူပင် ၃၀၀၊ မယ်ဇလီပင် ၂၅၀၊ ကုက္ကိုပင် ၁၀၀၊ စိန်ပန်းပင် ၅၀၊ ဩဇာပင် ၃၀၊ ရေတမာ ၃၀ ၊ စိန်ပန်းဝါ ၅၀၊ ငုစပ်ပင် ၂၀၊ ဩရီးရှားပင် ၅၀၊ ပိတောင်ပင် ၇၀နှင့် ပျဉ်းကတိုးပင် ၃၀ ၊စုစုပေါင်းအပင် ၁၂၈၀ တို့ကို ဇူလိုင် ၃၀ ရက်နေ့နံနက်(၉)နာရီက လှိုင်းတက်ကျေးရွာအုပ်စု၊ လှိုင်းတက်ကျေးရွာ သိမ်းကျောင်း ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်းနှင်ဦးစံထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနနှင့် စိမ်းစိုဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တာဝန်ရှိသူများက ပျိုးပင်များကို ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများက လက်ခံပြီး သစ်ပင်များစိုက်ပျိုးခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြာဘက်ကုန်းကျေးရွာအုပ်စု ကြာဘက်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် ကျွန်းပင် ၅၀၊ လျော်ဖြူပင် ၅၀၊ ရေတမာပင် ၃၀၊ ပိတောက်ပင် ၂၀၊ စိန်ပန်းဝါ ၃၀ ပင်နှင့် စိန်ပန်းပင် ၂၀ စုစုပေါင်းအပင် ၂၀၀ တို့ကို သစ်တောဦးစီးဌာနနှင့် စိမ်းစိုဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment