Friday, August 1, 2014

တောင်သာမြို့ရှိ ဆည်များအတွင်း ငါးမျိုးများ စိုက်ထည့်

တောင်သာ ၊ ဇူလိုင် - ၃၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ဆည်များအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ဇူလိုင်လ (၃၁) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်သာမြို့နယ် ဝဲလောင်ဆည်အတွင်းသို့ (၁) လက်မအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ (၂၅၀၀၀) ကို မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်ဝင်း၊ ခရိုင်  ငါးလုပ်ငန်းဦးစီးဌာန  ဒုတိယ  ညွှန်ကြားရေးမှူး ဦးသော်ထွန်းဦး၊  ခရိုင်အမျိုးသမီးရေးရာ   ဥက္ကဌ ဒေါ်သန်းသန်းဝင်း၊ တောင်သာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများမှ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။
ထို့အပြင် တောင်သာမြို့နယ်အတွင်းရှိ ကျောက်တလုံးဆည်၊ တောင်သာဆည်၊ သမက္ကူဆည်များ အတွင်းသို့လည်း ငါးမြစ်ချင်းကောင်ရေ (၂၅၀၀၀) နှင့် ငါးစုံအကောင်ရေ (၂၅၀၀၀) တို့ကို အသီးသီးစိုက်ထည့် ပေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment