ရန်ကုန်
သြဂုတ် ၁
မိုဘိုင်းဖုန်း ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် လစဉ်ခွဲတန်းစနစ်ဖြင့် ရောင်းချလျက်ရှိရာ ယခုအခါ ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည့် အော်ရီဒူးကလည်း ဆင်းကတ်များ စတင်ရောင်းချလာပြီဖြစ် သဖြင့် ဆင်းကတ်များ မှောင်ခို ဈေးကွက်များတွင် ရောင်းချနေမှုမှ ရပ်တန့်သွားပြီဖြစ်ကြောင်း မို ဘိုင်းဖုန်းအရောင်းဆိုင်များမှ သိရ သည်။
မြန်မာ့ဆက်သွယ်ရေးမှ ဆင်း ကတ်များ လစဉ် ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများမှတစ်ဆင့် ရောင်းချလျက်ရှိရာ ဗိုလ်တထောင်မြို့နယ် အမှတ်(၆) ရပ်ကွက်၌ အိမ်ထောင်စု တစ်ခုတည်းတွင် ဆင်းကတ်လေး လုံးပေါက်ပြီးသူများ လျှောက်ထားရန် မလိုကြောင်း၊ မိဘိုင်းဖုန်း ဆင်းကတ်များ လိုအပ်ပါက လာရောက်လျှောက် ထားနိုင်ကြောင်း ကြော်ငြာဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့ရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းကတ်များ လစဉ်ရောင်းချ လျက်ရှိရာ ပြိုင်ဘက်အော်ပရေတာများ ပေါ်လာသော်လည်း မိုဘိုင်းဖုန်းလွှမ်းခြုံမှု အားကောင်းစေလာရန် ဆင်းကတ်များ ထပ်မံရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ ဒီတစ်ရက်နှစ်ရက်ကစပြီး ဆင်းကတ်အရောင်းအဝယ်မရှိ တော့ပါဘူး။ လွန်ခဲ့တဲ့ တစ်ပတ် လောက်ကတော့ C32 တွေ ငွေကျပ် တစ်သောင်းခွဲ၊ နှစ်သောင်းလောက်နဲ့ ဝယ်ရောင်းဖြစ်ပါတယ်။ အခုဟာက ရပ်ကွက်ရုံးတွေမှာလည်း လျှောက်လို့ ရတယ်။ အော်ရီဒူးကလည်း မန္တလေး က စရောင်းပြီဆိုတော့ အဝယ်
အရောင်းမရှိတော့ပါဘူး။ ဒါတွေက ကျွန်မတို့ ဝယ်ထားလည်း ပြန်ရောင်း လို့ရမှာ မဟုတ်တော့တဲ့အတွက် အဝယ်မရှိတော့ပါဘူး” ဟု ရန်ကုန် မြို့ ပန်းဆိုးတန်းလမ်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ဆိုင်မှ မနှင်းနှင်းက ပြောသည်။
“ ပြီးခဲ့တဲ့ လတွေတုန်းကတော့ ရန်ကုန်မှာ C32 တွေ ပေးတာများ တယ်။ C တွေက ရန်ကုန်မှာ လိုင်း
သိပ်မကောင်းဘူး။ နယ်တွေမှာတော့ ကောင်းတယ်ပြောတယ်။ လာမယ့် လတွေမှာတော့ W နဲ့ G တွေပေး မယ်လို့ကြားတယ်”
ဟု သာကေတ မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
No comments:
Post a Comment