နေပြည်တော်
ဩဂုတ် ၈
၂၀၁၄ ခုနှစ် ဩဂုတ် ၈ ရက် နံနက် ၁၀ နာရီ
၁၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁
(MICC-I) ရှိ ပုလဲခန်းမ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ
တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ ဦးတင်နိုင်သိန်း၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာ ကံဇော်တို့
တက်ရောက်ကြပြီး အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်
မစ္စတာ လီယောင်မင်တို့ တက်ရောက်ကြသည်။
သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ
No comments:
Post a Comment