Wednesday, August 27, 2014

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှုဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် - ဩဂုတ် ၂၇
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr.Desmond Swayne ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်(၁၀)နာရီ (၄၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။        





ထိုသို့တွေ့ဆုံ ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် နိုင်ငံ တကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လွှတ်တော် သုတေ သနလုပ်ငန်းများကို ကူညီထောက် ပံ့ပေးခြင်းနှင့် စပ်လျဉ်း၍ ရင်းနှီးခင် မင်စွာ ဆွေးနွေးကြသည်။

No comments:

Post a Comment