မိတ္ထီလာ ဩဂုတ် ၁
မိတ္ထီလာမြို့ ကန်တောင်ကျေးရွာအုပ်စု ပန်းထိမ်ကုန်းကျေးရွာနေ တောင်သူတစ်ဦးမွေးမြူထားသည့်
နွားမတစ်ကောင် မှ ဝက်နှင့်သဏ္ဍန်တူသည့် သတ္တဝါတစ်ကောင်အား ဇူလိုင် ၃၀ နံနက် ၈ နာရီခန့်
ကမွေးဖွားပြီးစက္ကန့်ပိုင်းအတွင်း အဆိုပါသတ္တဝါသေဆုံးသွားကြောင်း သိရသည်။
ပန်းထိမ်ကုန်းကျေးရွာနေ ဦးကြည်ဝင်း၊ ဒေါ်စန်းရီ နေအိမ်ရှိ တစ်သားကျပြီး နွားမမှ
မွေးဖွားသည့် ဝက်နှင့်သဏ္ဍန် တူသည့် သတ္တဝါတွင် နောက်ခြေနှစ်ချောင်း၊ခန္ဓာကိုယ်နှင့် နှုတ်ခမ်းတို့မှာ
သာမန်ဝက်များတွင် ပါရှိသည့်အင်္ဂါ အစိတ်အပိုင်းများ ပါရှိပြီး အမြီးပိုင်းနှင့် ရှေ့ခြေနှစ်ချောင်းသာ
နွား၏ အင်္ဂါအစိတ်အပိုင်းနှင့် တူသည်ကိုတွေ့ရသည်။ နွားမတစ်ကောင်မှ နွားတစ်ကောင်သာ မွေးဖွားလေ့ရှိသော်လည်း
သာမန်ထက်ထူးခြားပြီး နွားမမှဝက်နှင့်သဏ္ဍန်တူ သတ္တဝါကို မွေးဖွားကြောင်းကြားသိရသဖြင့်
ဇူလိုင် ၃၀ နံနက်ပိုင်းက နွားမ မွေးမြူထားသည့်ဒေါ်စန်းရီ ၏ နေအိမ်သို့ လာရောက်ကြည့်ရှု့သူများမှာ
ကျေးရွာဒေသခံများအပြင် အနီးဝန်းကျင်ကျေးရွာများနှင့်မြို့ပေါ်မှ လာရောက်ကြည့်ရှုသူ များဖြင့်စည်ကားခဲ့သည်။
နေ့လည်ပိုင်းတွင် ဝက်နှင့်သဏ္ဍန်တူသည့် သတ္တဝါမှာမွေးဖွားပြီး စက္ကန့်ပိုင်းအချိန်တွင်း
ဗိုက်တွင်အူပေါက်၍ မွေးဖွားသေဆုံးခြင်းဖြစ်သောကြောင့် ရွာအပြင်တစ်နေရာတွင် သွားရောက်မြေမြှုပ်ပစ်ခဲ့သည်။
စိတ်ဝင်တစားလာရောက်ကြည့်ရှု့သူများမှ နွားမက ဝက်နှင့်သဏ္ဍန်တူသတ္တဝါအားမွေးဖွားလာသဖြင့်
တအံ့တဩ ဖြစ်နေကြသော်လည်း ကာယကံရှင်များအနေဖြင့်မူ တစ်နှစ်မှတစ်ကောင်နွား သားကျမွေးဖွားခြင်းဖြစ်ပြီး
ယခုကဲ့သို အဖြစ်မျိုးကြုံတွေ့ရသဖြင့် နှမြောစရာကောင်းသည်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။
No comments:
Post a Comment