Wednesday, August 6, 2014

ဉာဏ်ရည်ဖွံ့ဖြိုးပြီး ခန္ဓာကိုယ်ကြံ့ခိုင်စေရန်အတွက် ကျောင်းသားကျောင်းသူများအား အာဟာရကျွေးမွေး



သထုံ    သြဂုတ်   
ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ခန္ဓာကိုယ် ကြံ့ခိုင်စေရန်အတွက် သထုံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ နန်းခဲရပ်ကွက်၊ အမက(ဘူတာ)ကျောင်းမှ ကျောင်းသား ကျောင်းသူများအား သြဂုတ်လ ၅ ရက်နေ့က ကြက်သားဆန်ပြုတ် အာဟာရများ တိုက်ကျွေးခဲ့သည်။





“ကလေးတွေ ပညာသင်ကြားရာမှာ အထောက်အကူဖြစ်ဖို့၊ ကျောင်းမှာပျော်ပျော်ရွှင် ပညာသင်ကြား နိုင်စေဖို့ အတွက် အခုလို အသင်းဝင်တွေ စုစည်းပြီး တတ်နိုင်သလောက် လာရောက် ကျွေးမွေးတာပါ။ ဟန်ဆောင်မှု ကင်းမဲ့ပြီး ပျော်ပျော် ရွှင်ရွှင် စားသောက်နေကြတာ မြင်တော့ အရမ်းပီတိ ဖြစ်ရပါတယ်” ဟု မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးနွယ်က ပြောသည်။
မိခင်များနှင့် ကလေးများတို့၏ ကျန်းမာရေးဆိုင်ရာများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အတွက် မိမိတို့အသင်း အနေဖြင့် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သော အားဖြင့် အခြားသော ကျောင်းများ တွင်လည်း ယခု ကဲ့သို့ အာဟာရ ကျွေးမွေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။
“အခုလို လာကျွေးတာ အရမ်းကောင်းပါတယ်၊ စနစ်ကျပြီး သန့်ရှင်းအာဟာရပြည့်ဝတဲ့ အစားအစာနဲ့ လာရောက်ပြီး အထောက်အကူ ပြုပေးတဲ့လို့ ကျွန်မကလေးတွေ အတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့အတူ စိတ်ဓါတ်ကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးလှိုင်က ပြောသည်။
ယင်းနေ့တွင် အဆိုပါကျောင်းရှိ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသားကျောင်းသူ ၂၄၈ ဦးတို့အား ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေမိုးအေး၊ မြို့နယ်မိခင်နှင်ကလေး ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များက ပျော်ရွှင်စွာဖြင့် စုပေါင်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment