Wednesday, August 6, 2014

မုံရွာမြို့နယ် ကူတောပလ္လင်-ကြာပိုင်-ပေါက်ပင်-ထနောင်းတော ကျေးရွာချင်းဆက် မြေသားလမ်းမအား ဒေသခံ ပြည်သူများမှ အဆင့်မြှင့်တင်ဖောက်လုပ်ပေးရန် လိုလားလျက်ရှိ

မုံရွာ ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ-အမြင့်ကျေးလက်လမ်းတစ်လျောက်ရှိ ကျေးရွာ များသည် အဓိကအားဖြင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရာသီသီးနှံ၊ ပန်းမျိုးစုံ၊ ငှက်ပျော၊ ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုး ထုတ်လုပ်ပြီး မုံရွာမြို့နှင့် အခြားတိုင်းဒေသကြီးများမှ မြို့များသို့ တင်ပို့ရောင်းချလျက်ရှိရာ


အဆိုပါချင်းတွင်းမြစ်ရေ ဝင်ဒေသမှ အခြားမြို့များသို့သွားလာရန်အတွက် လမ်းအရှည်(၂)မိုင်(၂)ဖာလုံရှိ ကူတော့ ပလ္လင်-ကြာပိုင်-ပေါက်ပင်-ထနောင်းတော ကျေးရွာခြင်းဆက် မြေသားလမ်းသည် အဓိကကျသော လမ်းပိုင်း ဖြစ်လျက်ရှိရာ ဒေသခံပြည်သူများ အနေဖြင့် အဆိုပါလမ်းပိုင်းအား အဆင့်မြှင့်တင် ဖောက်လုပ်ေ ပးရန် လိုလား လျက်ရှိကြောင်း သိရသည်။
“အဲဒီ မြေသားလမ်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ကျေးရွာတွေက နှစ်စဉ်ချင်းတွင်းမြစ်ရေ ဝင်တဲ့ဒေသ ဖြစ်တော့ စိုက်ပျိုးရေးအတွက် အထောက်အကူဖြစ်ပေမဲ့လည်း တစ်ခါတစ်ရံမှာ သွားလာရေး အတွက်လည်း အခက်အခဲဖြစ် တတ်တယ်၊ အထူးသဖြင့် မုံရွာ-အမြင့်လမ်းမပေါ်မှာ ပေါက်ပင်တံတားက အဓိကကျတယ် အဲဒိတံတား တစ်ခုခုဖြစ်ရင် အခုအဆင့်မြှင့်တင်ပေးစေချင်တဲ့လမ်းမကို အသုံးပြုလို့ရမယ်၊ အဲဒိလမ်းက မုံရွာ ကိုဘဲသွားမလား၊ ဒါမှမဟုတ် တစ်ခြားမြို့တွေကိုပဲသွားမလား အချိန်မရွေးသွား လို့ရတယ်၊ အခုအခြေ အနေက မိုးရွာလာရင် မြေသားလမ်းဖြစ်တော့ ရွံ့တွေထတယ်၊ လမ်းကကျဉ်းတော့ ယာဉ်နှစ်စီးဆုံရင် အတော်ဒုက္ခ ရောက်တယ်၊ နောက်ပြီး ဒီဘက်ဒေသက ထွက်ကုန်တွေကို မုံရွာမြို့ဘက်က လှည့်ပြီး သယ်စရာမလိုဘဲ ဒီကျေး လက်လမ်းကနေဖြတ်ပြီးသယ်လို့ရတယ်၊ ဒါ့ကြောင့်ဒီကျေးလက်လမ်းမ က ကျန်းမာရေး၊ ပညာရေး၊ ကုန်စည် စီးဆင်းရေးအတွက် များစွာအထောက်အကူဖြစ်လို့ အဆင့်မြှင့်တင် ဖောက်လုပ်ပေးစေချင်တာပါ” ဟု ညောင်ဖြူပင်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
မုံရွာ-မန္တလေး ကားလမ်းမဘေး အနောက်ဘက်ခြမ်း ကျွန်းထဲပိုင်းကို ဆက်သွယ်ထားတဲ့ ကျေးလက် လမ်းဖြစ်တယ်၊ နောက်ပြီးဒီလမ်းမဟာ ဟိုတုံးကတည်းကရှိပြီးသားလမ်းပါ၊ ဒီလမ်းမကို လမ်းချဲ့မယ်၊ အခိုင်အမာ လမ်းဖြစ်အောင် အတွက် အဆင့်မြှင့်တင်ဖောက်လုပ်ဖို့အတွက် သက်ဆိုင်ရာကို တင်ပြ လုပ်ဆောင်နေပါတယ်၊ ဒီလမ်းမဟာ ဒေသကုန်စည်စီးဆင်းမှု၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် များစွာ အထောက်အကူဖြစ်တာကြောင့် ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင်လို့ ကြိုးစားလုပ် ဆောင်နေပါတယ်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်နိုင်ကပြောသည်။

အဆိုပါ ကူတော့ပလ္လင်-ကြာပိုင်-ပေါက်ပင်-ထနောင်းတော ကျေးရွာခြင်းဆက် မြေသားလမ်းသည် နွေရာသီ တွင် အသုံးပြုနိုင်သော်လည်း မိုးရာသီတွင် သွားလာရ အခက်အခဲရှိသဖြင့် အဆိုပါလမ်းမအား အဆင့်မြှင့်တင် ဖောက်လုပ် ပေးပါရန် ဒေသခံပြည်သူများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment