ရန်ကုန် သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ နိုင်ငံခြားခွေများ
ငှားရမ်းခြင်း၊ ကူးယူခြင်းများ ပြုလုပ်နေကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ် (၂) ရပ်ကွက်
အနော်ရထာလမ်းရှိ ခွေအငှားဆိုင်နှင့် ခွေကူးယူခြင်းများ လုပ်ကိုင်နေသည့် (၃)ရပ်ကွက်
တာဝတိံသာလမ်းရှိ နေအိမ်သို့ ဇူလိုင် ၃၀ ရက်က စစ်ဆေး ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
ထိုသို့ရှာဖွေ ဖမ်းဆီးခဲ့ရာ အခွေအငှားဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်အေးမြင့်အား
တွေ့ရပြီး ဆင်ဆာမဲ့ နိုင်ငံခြား ဇာတ်လမ်းခွေ VCD/ DVD အချပ် ၃၀၉၀၀၊ စာရင်းမှတ်တမ်း
စာအုပ်နှစ်အုပ်၊ ခွေငှားခရရှိငွေကျပ် ၁၉၀၀ တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ခွေကူးခြင်း လုပ်ကိုင်သည့် တာဝတိံသာလမ်းရှိ နေအိမ်သို့ ရှာဖွေရာ အိမ်ရှင်ဖြစ်သူ
မနီလာဝင်းအား တွေ့ရှိရပြီး နေအိမ်ထပ်ခိုး ရှေ့ခန်းအတွင်းမှ တစ်ကြိမ်ကူးလျှင် အခွေ ၁၁
ချပ် ထွက်သည့် အခွေကူးစက် ၁၀လုံး၊ UPS လေးလုံး၊ ၁၇လက်မ Monitor တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊
Color Printer တစ်လုံး၊ Scanner တစ်လုံး၊ ခွေထည့်သည့် ပလတ်စတစ်အိတ် ၁၀၀၀၊ နိုင်ငံခြား
ဇာတ်လမ်း ကာဘာမျိုးစုံ အရွက် ၁၅၀၀၊ ဆင်ဆာမဲ့ နိုင်ငံခြား ဇာတ်လမ်း ခွေမျိုးစုံ အချပ်
၈၇၀၀ တို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရပြီး ယင်းကဲ့သို့ ဆင်ဆာမဲ့ နိုင်ငံခြားခွေများ
တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ပုဇွန်တောင် မြို့မရဲစခန်းက ဒေါ်အေးမြင့်နှင့် မနီလာဝင်းတို့ကို
အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment