Saturday, June 28, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်း၍မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မိုဘိုင်းရေဒီယိုစခန်း (BTS) များ လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လိုသည့် ပြည်တွင်းကုမ္ပဏီများအား တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်း၍မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မိုဘိုင်းရေဒီယိုစခန်း  (BTS) များ လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လိုသည့် ပြည်တွင်းကုမ္ပဏီများအား တင်ဒါခေါ်ယူခြင်း

၁။ အများပြည်သူများအား  ပိုမိုကောင်းမွန်သော   မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုများ ပေးနိုင်စေရန် ရည်ရွယ်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် အတွက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ  မိုဘိုင်းရေဒီယိုစခန်း  (BTS) များ လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်လိုသည့်  ပြည်တွင်းကုမ္ပဏီများအား  တင်ဒါတင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ၊ တင်ဒါပုံစံတို့ကို (၁)စုံလျှင် (၁ဝဝဝဝိ/-) (ကျပ်တစ်သောင်းတိတိ) ဖြင့် ၃ဝ-၆-၂ဝ၁၄ရက်မှစ၍ အောက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။
အင်ဂျင်နီယာချုပ်ရုံး
ရုံးချုပ်အခြေစိုက်မိုဘိုင်းဆက်သွယ်ရေးစန်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
နေပြည်တော် (ဒက္ခိဏသီရိ အိတ်ချိန်းဝင်း)
တယ်လီဖုန်းအမှတ် (ဝ၉- ၄၄၈ဝဝဝဝ၂၃)
၃။ တင်ဒါတင်သွင်းမည့်သူသည် လုပ်ငန်းစိတ်ဝင်စားကြေးအဖြစ် တင်ဒါ(၁)စုံလျှင် ကျပ်သိန်း(၅ဝ) (ကျပ်ငါးဆယ်သိန်းတိတိ)အား ဌာနသို့ပေးသွင်းရမည်ဖြစ်ပါသည်။
၎။ တင်ဒါတင်သွင်းရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ကိုက်ညီရမည့်အပြင် လူကိုယ်တိုင် လာရောက်တင်သွင်းရပါမည်။
၅။ ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၉ရက်တွင် ရုံးချိန် ၉း၃ဝနာရီမှ ၁၆း၃ဝနာရီအတွင်း တင်သွင်းရန်ဖြစ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

No comments:

Post a Comment