Sunday, June 29, 2014

အန္တရာယ် ဖြစ်စေနိုင်လောက်အောင် ဘယ်ညာယိမ်းထိုး မောင်းနှင်သည့် ထော်လာဂျီယာဉ်မောင်းသူ ဖမ်းဆီးအရေးယူ



သထုံ    ဇွန်    ၂၇
သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် လယ်ယာသုံး၊ နောက်တွဲပါ ထော်လာဂျီ ယာဉ်တစ်စီး အရှိန်ပြင်းစွာဖြင့် ဘယ်ညာယိမ်းထိုး မောင်းနှင်လာရာ အများပြည်သူအား အန္တရာယ် ဖြစ်စေနိုင်သဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၆ ရက်၊ ညနေ ၂ နာရီခွဲ အချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၄၁/၄)နှင့် (၁၄၁/၅) အကြားတွင် ဘီးလင်းမှ သထုံ ဘက်သို့ အရက်သေစာ သောက်စားထားသော ယာဉ်မောင်း ဖြိုးလင်းနိုင် မောင်းနှင်ကာ အခြားသူ ၃ ဦးတို့ လိုက်ပါစီးနင်းလာသည့် JIANG DONG အမျိုးအစား တရုတ်နီအင်ဂျင်၊ လယ်ယာသုံး နောက်တွဲပါ ထော်လာဂျီ ယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်ပြီး ဘယ်ညာ ယိမ်းထိုးကာ မဆင်မခြင် မောင်းနှင်လာရာ အများပြည်သူအား အန္တရာယ် ဖြစ်စေနိုင်သဖြင့် ဖမ်းဆီး ထိန်းသိမ်းကာ သထုံမြို့နယ်၊ သုဝဏ္ဏ၀တီရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment