Sunday, June 29, 2014

အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ



ကျောက်ဆည်     ဇွန်  ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အား အထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲကို အဆိုပါ ကျောင်းတွင် ဇွန်လ(၂၉)ရက် နံနက် (၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက်တန်းကျောင်း ဆိုင်းဘုတ်မုခ်ဦးအား၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းဦး ကျေးရွာ အထောက်အကူပြု အဖွဲ့ဥက္ကဌ ဦးပွနှင့် ရပ်မိရပ်ဖ ဦးဌေးဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်း သီးချင်းဖြင့် သီဆိုဧည့်ခံသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းက ကျောင်းအဆင့်တိုးမြှင့်ခြင်း အမိန့်စာနှင့် အထိမ်းအမှတ် အလံများကို တိုင်းလွှတ်တော်ကိုယ်စားလှယ် နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အမှတ်(၂) အခြေခံပညာ ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ (၄၃၂) သိန်းကျပ်ဖြင့် (Crystal မင်္ဂလာမန္တလေး) ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့သော အလျား (၁၂၀)ပေ×အနံ (၃၀)ပေ စာသင်ခန်း (၄)ခန်းပါ သွပ်မိုး၊ အုတ်ခင်း၊ အုတ်ကာ ကျောင်းဆောင်သစ် အား ဆောက်လုပ်ရေး တာဝန်ခံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းထံသို့ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးဝင်းမြိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည့် အထက်တန်းကျောင်းသည် (၁၉၆၂) ခုနှစ် တွင် မူလတန်းကျောင်း အဖြစ် လည်းကောင်း၊ (၁၉၈၁) ခုနှစ်တွင် အလယ်တန်းကျောင်း အဖြစ်လည်းကောင်း၊ (၁၉၉၇) ခုနှစ် တွင် အထက်တန်း ကျောင်းခွဲ အဖြစ်သို့ လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး (၂၀၁၄-၂၀၁၅) ပညာသင်နှစ်တွင် အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ဆရာ၊ ဆရာမ (၂၇)ဦးဖြင့် ကျောင်းသား ကျောင်းသူပေါင်း (၈၇၆)ဦး ပညာ သင်ကြားပေးလျှက်ရှိပြီး ကျောင်းဧရိယာမှာ (၁၂.၇၅)ဧက ကျယ်ဝန်းပြီး စာသင်ဆောင် (၉)ဆောင်ရှိကြောင်း သိရှိ ရသည်။

No comments:

Post a Comment