Monday, June 2, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်



နေပြည်တော် ဇွန် ၂
ကျန်းမာရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ် Grand Ballroom ၌ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိ အမျိုးသားကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြားသည်။ ယင်းနောက် ဒုတိယ သမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသား ကျန်းမာရေး ကော်မတီ ဝင်များ၊ ကျန်းမာရေးဆိုင်ရာ အငြိမ်းစား ပညာရှင်များနှင့် တာဝန်ရှိသူများ၊ ပါမောက္ခများ၊ ဆေးနှင့် ဆေးပညာ နှီးနွှယ်ကောင်စီများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အလုပ်ရုံ ဆွေးနွေးပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှာစကားပြောကြားကာ အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂ ရက်မှ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲကို အဖွဲ့ ငါးဖွဲ့ခွဲကာ Health  Workforce Retention ၊ Quantity  &  Quality  in   Medical  Education ၊ Administration  &  Management ၊ Private  Sector  Involvement ၊ HRH  Policy စသည့် ခေါင်းစဉ် များကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဆွေးနွေးချက်များနှင့် ထောက်ခံ အကြံပြုချက်များအား ခြုံငုံသုံးသပ်တင်ပြခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment