Saturday, May 31, 2014

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  မေ   ၃၁

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပေဒကြမ်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ ပြည်သူ့လွှတ်တော် အဆောက်အအုံ ပူးပေါင်းကော်မတီ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အများပြည်သူဝန်ဆောင်မှု မီဒီယာဥပေဒကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ ဒေါက်တာ မျိုးသန့်တင်၊ ဦးဇော်သက်ထွေး၊ ဦးမြင့်ကျော်နှင့် ဦးရဲမင်းဦး၊ မဇ္ဈိမသတင်းစာမှ အယ်ဒီတာချုပ် ဦးစိုးမြင့်၊ Daily Eleven နေ့စဉ်သတင်းစာမှ ဦးနေထွန်းနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ ဦးစီးအရာရှိ ဦးတင်ထွေးတို့က မီဒီယာဥပဒေကြမ်းအပေါ် ၎င်းတို့၏ အမြင်များနှင့် ထည့်သွင်းစဉ်းစားသင့်သည်များကို အကြုံပြု ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က နိဂုံးချုပ် အမှာစကားပြောကြားပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ယနေ့ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အတွင်းရေးမှူး ဦးစောလှထွန်း၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

No comments:

Post a Comment