Friday, May 23, 2014

အခမဲ့ဖြန့်ဝေထားသော DVBT2 Set Top Box များတွင် မြဝတီလိုင်းများ ပြန်လည်ဖမ်းယူရရှိရေး မျှော်လင့်လျက်ရှိ


ကျောက်ဆည်  မေ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ပြောင်းလဲထုတ်လွှင့်လျက်ရှိသော Digital  ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှုရန် အခမဲ့ဖြန့်ဝေပေးထားသော  DVBT2 Set Top Box  များသည် မြ၀တီ ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှု၍ မရတော့သောကြောင့် ပြန်လည်ဖမ်းယူကြည့်ရှုနိုင်ရန် မျှော်လင့်လျက် ရှိကြောင်း သိရသည်။

DVBT2 Set Top Box ဖြန့်ဝေ စဉ်က ဖမ်းယူရရှိသည့် ရုပ်သံလိုင်းများ ကြည့်ရှု၍ရကြောင်းနှင့် နောက်ပိုင်း တွင် လိုင်းများ နည်းသွားခြင်းအပေါ် “ ပထမဆုံးစပေးတဲ့ DVB- T2 Set Top Box က ကောင်းတယ်ဗျ။ ဆီးဂိမ်း အမီပေးတာ၊ ဖမ်းလို့ရတဲ့ ရုပ်သံလိုင်း တွေအကုန်လုံး ကြည့်လို့တယ်။ နောက်ပိုင်းလိုင်းတွေက တဖြည်း ဖြည်းကြည့်မရတော့ အခုပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက မြ၀တီလိုင်းတွေ ပျောက်ကုန်တာ။ မြ၀တီလိုင်းက ဇာတ်ကားလေးတွေလာတော့ ကောင်းတယ်။ ကျန်တဲ့ မြန်မာ့အသံနဲ့ ဆက်စပ်ရုပ်သံလိုင်းတွေ MRTV- 4  လိုင်းတွေက လာသေးတယ်။ မြ၀တီ ရုပ်သံလိုင်းတွေက အကုန်ကို ပျောက်သွားတာ အခုချိန်ထိ မရတော့ဘူး။ပြန်ဖမ်းရအောင် စီစဉ်ဆောင်ရွက် ပေးရင် ကောင်းတာပေါ့”  ဟု လူမှု အဆင့် (E) ဖြင့်  DVB- T2 Set Top Box  ရရှိထားသူ မြောင်ဦးကျေးရွာမှ ဦးသန်းနိုင်ဝင်းက ပြောသည်။ ကျောက်ဆည်ခရိုင်အတွင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ကျောက်ဆည် မြို့နယ်တွင် DVB- T2 Set Top Box  စက်အလုံးရေ ၁၃၅၀၊ စဥ့်ကိုင် မြို့နယ်တွင် ၁၂၅၀၊ တံတားဦးမြို့နယ်နှင့် မြစ်သားမြို့နယ်တို့တွင် ၁၁၅၀ လုံး စီကိုအဆင့်ရှစ်ဆင့်ဖြင့် လေးကြိမ်တိုင်တိုင် အခမဲ့ဖြန့်ဖြူးပေးထားကြောင်း ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိဒေါ်ဝေဝေဖြိုး၏ ပြောကြားချက်များအရသိရသည်။

No comments:

Post a Comment