Friday, May 23, 2014

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီ (Delivery Unit) သို့ မေးမြန်း အကြံပြုချက်များ အပေါ် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ချက်များအား ထုတ်ပြန် ကြေညာခြင်း



စက်မှုဝန်ကြီးဌာန (ချင်းပြည်နယ်)
“စပျစ်သီးမှာ အရည်အသွေး ကောင်းမွန်သည့် စပျစ်ဝိုင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ရန် သင်တန်းများ ပို့ချ ဖွင့်လှစ် ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးမြန်းချက် အပေါ် ဆောင်ရွက်မှု အခြေအနေ
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီနှင့် စက်မှု ဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့၏ ကြီးကြပ်မှုဖြင့် မြန်မာ SME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အောက်ပါ ကဏ္ဍများ အလိုက် ဆောင်ရွက်လျက် ရှိပါသည် -
            (က)      လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် တီထွင်ဖန်တီးမှု စွမ်းရည် မြှင့်တင်ရေး (Human Capital Development and Innovation)
            (ခ)        နည်းပညာ ဖွံ့ဖြိုးမှုနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွန်းနိုင်ရေး (Technology Adoption and Entrepreneurship Development)
            (ဂ)        ဘဏ္ဍာရေး အရင်း အမြစ်များ ရရှိရေး (Access to Financing)
            (ဃ)      အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး (Infrastructure)
            (င)        ဈေးကွက်ဝင်ဆံ့မှု ရရှိစေရေး အတွက် လုပ်ငန်းဈေးကွက် အထောက်အကူ ပေးနိုင်ရေး (Market Access)
            (စ)        သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ ဆိုင်ရာ ထောက်ပံ့ပေးနိုင်ရေး (Legal and Regulatory Environment)
ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ပြည်တွင်းပညာရှင်များနှင့် လည်းကောင်း၊ အာဆီယံ စီမံကိန်းများ အရ လည်းကောင်း၊ သင်တန်းများပေးခြင်း၊ နည်းပညာ လွှဲပြောင်းခြင်းများ ပြုလုပ်ပေးလျက် ရှိပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စက်မှုဇုန်များတွင် Entrepreneurship သင်တန်းများ၊ Cluster Development သင်တန်းများ၊ General Procurement သင်တန်းများ၊ Financial Management သင်တန်းများ ပို့ချပေး လျက်ရှိပါသည်။
ဒေသအလိုက် Potential အလိုက် Pilot Project များ ရွေးချယ် ဆောင်ရွက်လျက်ရှိပြီး UNIDO နှင့် ပူးပေါင်းလျက် Textitle, Rubber, Lacquer Were, Garment Sectors များ တွင်လည်းကောင်း၊ ဂျာမနီနိုင်ငံ GIZ နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်ရှိ သီးနှံများ Value Added ထုတ်လုပ်ရေး အတွက် သရက်သီးနှင့် လက်ဖက် ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။ လက်ရှိ ဆောင်ရွက်လျက် ရှိသော Pilot Project များသည် ပြင်ပ မိတ်ဖက်အဖွဲ့များ၏ ကူညီပံ့ပိုးမှုများအရ ဆောင်ရွက်လျက်ရှိပြီး စပျစ်သီး Sector ပါဝင်ခြင်း မရှိသေးပါ။
ကိုရီးယားနိုင်ငံ၊ ကိုရီးယား အမျိုးသား နည်းဗျူဟာ တက္ကသိုလ်နှင့် Gunhong International Co.,Ltd မှာ မြန်မာ SME များသို့ နည်းပညာ ပံ့ပိုးပေးရန် အတွက် စစ်တမ်းများ ကောက်ယူ၍ နည်းပညာ ပံ့ပိုးပေးလျက်ရှိရာ ၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း လုပ်ငန်းရှင် ခုနစ်ဦးအား ပံ့ပိုးပေးနိုင်ခဲ့ပြီး၊ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း လုပ်ငန်းရှင် ၁၀၀ ဦးအား နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးပေးမည်ဖြစ်၍ သတင်းစာများ၊ Media များမှတစ်ဆင့် ဖိတ်ခေါ်ခြင်းဖြင့် ပံ့ပိုး ပေးလျက်ရှိရာ စပျစ်သီးမှ အရည်းအသွေး ကောင်းမွန်သည့် စပျစ်ဝိုင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလိုသော လုပ်ငန်းရှင်များ အနေဖြင့် အမှတ်(၃၅- B/၁၅)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာနတွင် Questionnary Survey Form လာရောက် ဖြည့်စွက်၍ Gunhong International Co.,Ltd နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြ အပ်ပါသည်။

No comments:

Post a Comment