လောင်းလုံး မေ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမတွင် ဧပြီ လ(၃၀)ရက်၊ နံနက်(၉:၃၀) အချိန်၌
လက်ခတ်တောင်ဘုရား ဘက်စုံပြုပြင်ရေးဂေါပက အဖွဲ့၏ ငွေစာရင်း ရှင်းတမ်းရှင်းလင်း ပွဲကို
ပြုလုပ် ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးထင်အောင်ကျော်၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်မြင့်၊
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုး ၊ ဌာနဆိုင်ရာအကြီး အကဲများ၊
လက်ခတ်တောင်ဘုရား ဘက်စုံပြုပြင်ရေးဂါပက အဖွဲ့၊ ရပ်ကွက်/ကျေးရွာ (၄၅)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
စာရေး များတက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးထင်အောင်ကျော်က
အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက လက်ခတ်တောင်ဘုရားဘက်စုံပြုပြင်ရေး
ဂေါပကအဖွဲ့၏ ငွေစာရင်းရှင်းတမ်းအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ
အခမ်းအနား ကို (၁၀:၃၀) နာရီ အချိန်တွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment