Wednesday, May 28, 2014

အထူးကုဆရာဝန်များ ကွင်းဆင်းကုသ

ဂန့်ဂေါ မေ ၂၈

ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦး၊ အရိုး၊အကြောအထူးကု ဒေါက်တာ နေထွန်းအောင်၊ ခွဲစိတ်အထူးကု ဒေါက်တာ စောစိုင်းအောင်၊
သားဖွါးမီးယပ်အထူးကု ဒေါက်တာခင်စိုးမြင့်တို့နှင့် ဆောမြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်လှကေသီတို့ပါဝင်သောအဖွဲ့သည် မေ ၂၃ ရက်က ဆောမြို့နယ်ပြည်သူ့ ဆေးရုံတွင် ဒေသခံပြည်သူ ၃၇၃ ဦးတို့အား ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးဝါးများကုသပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

No comments:

Post a Comment