Wednesday, May 28, 2014

ဒေါင်းဥကျေးရွာအုပ်စု ဖွင့်ပွဲအခမ်းအနား



ချောင်းဆုံ        မေ      ၂၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းဥကျေးရွာအုပ်စု ဖွင့်ပွဲအခမ်းအနားကို မေလ(၂၆) ရက်နေ၊ နံနက် (၀၈း၀၀) နာရီ အချိန်က ဒေါင်းဥကျေးရွာ၊ ရွာလယ်မူလတန်းကျောင်းတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ဥပဒေချုပ် နယ်မြေတာဝန်ခံ ဦးဝင်းကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်၊ ဥပဒေချုပ် ဦးဝင်းကြည်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးတို့က ဒေါင်းဥကျေးရွာ အုပ်စုအဆင့်တိုးမြှင့် ဆောင်ရွက်ခွင့်ရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့ရသည့် အကြောင်းကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရပ်မိရပ်ဖ ဦးအောင်မှ ကျေးဇူတင် စကား ပြောကြားပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment