Friday, May 23, 2014

မုန်တိုင်းငယ် အားလျော့သွားကာ လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိ

နေပြည်တော်-မေ(၂၃)
ယနေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေသည်။


 လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။ 

No comments:

Post a Comment