Wednesday, April 30, 2014

Singapore Lion XII အသင်းနှင့် နေပြည်တော်၊ မြန်မာအသင်းတို့ ခြေစမ်းမည်

စင်ကာပူနာမည်ကြီး ကစား သမားဟောင်း ဖန်ဒီအာမက်ကိုင်တွယ် နေသည့် Singapore Lion XII အသင်းသည် မြန်မာနိုင်ငံတွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ရောက်ရှိနေပြီဖြစ်ပြီး ခြေစမ်းပွဲများကို ဧပြီ ၃၀ရက်(ယနေ့)တွင် စတင်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ခြေစမ်းပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပ သွားမည်ဖြစ်ပြီး ဧပြီ ၃၀ရက်တွင် နေပြည်တော်အသင်းနှင့် လည်း ကောင်း၊ မေ ၂ရက်တွင်မြန်မာ့လက်ရွေး စင်အသင်းနှင့်လည်းကောင်း ခြေစမ်း ကစားမည်ဖြစ်သည်။


Singapore Lion XII အသင်း သည်စင်ကာပူကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး မလေးရှားစူပါလိဂ်တွင် သွားရောက် ကစားနေသည့်အသင်း ဖြစ်သည်။ ၂၀၁၃ရာသီတွင် ချန်ပီယံဆုဆွတ်ခူး ထားသည့် အသင်းဖြစ်ပြီး ယခုခြေစမ်း ပွဲများ လာရောက်ကစားခြင်းမှာ လည်း ၂၀၁၄ ရာသီ မလေးရှားစူပါ လိဂ် ဒုတိယအကျော့အတွက် ပြင်ဆင် သည့်အနေဖြင့် လာရောက်ကစားခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၁၄ AFC Challenge Cup ပြိုင်ပွဲကိုယှဉ်ပြိုင်ရန်အတွက် ပဏာမ လက်ရွေးစင်ကစားသမား ၂၈ ဦးဖြင့် ဧပြီ ၂၃ရက်မှစ၍ လေ့ကျင့်လျက်ရှိ သည်။ ယင်းခြေစမ်းပွဲသည် မြန်မာ အသင်း နည်းပြချုပ်သစ် အေဗရာ မိုဗစ်အတွက် ပထမဆုံးပွဲဖြစ်လာမည် ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၌ သွားရောက်ခြေစမ်းရန် စီစဉ်ထား ယခုလူငယ်ပွဲမှာ ရွှေရတဲ့အတွက် နိုင်ငံလက်ရွေးစင်ဖြစ် အောင် ကြိုးစားပြီး နိုင်ငံရွှေတံဆိပ် ထပ်မံဆွတ်ခူးကာ နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားပါမယ်။

No comments:

Post a Comment