Wednesday, April 30, 2014

မြန်မာ - တရုတ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

နေပြည်တော်  ဧပြီ  ၂၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်သည် တရုတ်ကွန်မြူ နစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ ဒုတိယအတွင်းရေးမှူး H.E.Mr.Qiu He ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဧပြီ ၂၈ ရက် ညနေ ၃ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌   တွေ့ဆုံ၍ မြန်မာနှင့်   တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှု ပမာဏမှာ နှစ်စဉ် တိုးတက်နေကြောင်း၊ ယင်းကဲ့သို့ တိုးတက်ရေး အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ ပေးမှုများကို
များစွာပြုလုပ် ပေးခဲ့ပါကြောင်း၊ ကူမင်းကုန်စည်ပြပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်စည်ပြပွဲများ၏ အခန်းကဏ္ဍမှာ အဓိကပါဝင်ကြောင်း၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် ပစ္စည်းများ ပုံမှန်တင်ပို့ ရောင်းချနိုင်ရေး အတွက် ကူညီဆောင်ရွက် ပေးစေလို ကြောင်း၊ နယ်စပ်ဒေသ တစ်လျှောက် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး ယူနန်ပြည်နယ် ကော်မတီ ဒုတိယအတွင်းရေးမှူးက မြန်မာနှင့် ယူနန်ပြည်နယ်တို့အကြား နယ်စပ်ကုန်သွယ်မှု  ပမာဏသည် မြန်မာ-တရုတ် (ပင်လယ်ရေကြောင်း+နယ်စပ်) ကုန်သွယ်မှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊ မိမိလာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ (၂၂) ကြိမ်မြောက်ကူမင်း ကုန်စည်ပြပွဲနှင့် ဒုတိယအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရေး လာရောက်ဖိတ်ကြားခြင်းဖြစ်ကြောင်း၊ ယူနန်ပြည်နယ်ကို အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆက်ဆံမှုများ တိုးမြှင့်သွားလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ တွင် ကျင်းပသည့်ကုန်စည် ပြပွဲများသို့   မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသစေလိုကြောင်းနှင့် နယ်စပ် ကုန်စည်ပြပွဲ များကိုလည်း ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန် ပူးပေါင်းဆောင် ရွက်လိုပါကြောင်း၊ မြန်မာ နိုင်ငံမှ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် အရည်အသွေး စစ်ဆေးချက် လက်မှတ်များ၊ စံချိန်စံညွှန်းဆိုင်ရာ လိုအပ်ချက်များအတွက် သက်ဆိုင်ရာ ဌာနများနှင့်  ဆက်သွယ်ပေးမည် ဖြစ်ကြောင်းတို့ကို   ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။      

No comments:

Post a Comment