(၂၂) ကြိမ်မြောက်
အာဆီယံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ
မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ
ဒုတိယဥက္ကဋ္ဌ များနှင့် ကိုယ်စားလှယ်များ တက် ရောက်ကြသည်။
အစည်းအဝေးတွင်
သဘာပတိ အဖြစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဆောင်ရွက်သည်။ ယနေ့
အစည်းအဝေးတွင် ငွေကြေးနှင့် ငွေရေးကြေးရေးလုပ် ငန်းများဆိုင်ရာ မူဝါဒလမ်းညွှန် ချက်များကို
ပေါင်းစည်းဖော်ဆောင် ရေးနှင့် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေး အခြေခံမူဘောင်နှင့်
အညီ အာဆီယံဘဏ်လုပ်ငန်းပေါင်း စည်းမှုမူဘောင် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊
အရင်း အနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု၊ ငွေလုံးငွေရင်းစာရင်း လွတ်လပ်ခွင့်ပြု ရေးလုပ်ငန်းများ၊
ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် စသည့်လုပ် ငန်းများကို ပူးပေါင်းညှိနှိုင်းဆွေးနွေး
ခဲ့ကြသည်။
ထို့ပြင် အာဆီယံဗဟိုဘဏ်
ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး၌ အာဆီယံ+၃ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းများဖြစ်သည့် ဇင်းမယ်
အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု၊ အာရှငွေချေး စာချုပ်
ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်မှု၊ သုတေသနလုပ်ငန်း အုပ်စုနှင့်ရှေ့ဦးစားပေး အကောင် အထည်ဖော်မှု
လုပ်ငန်းစဉ်များ၏ တိုးတက်မှု အစီရင်ခံစာများအပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယနေ့ အစည်းအဝေး၏
ရလဒ် များကို ဧပြီ ၄ ရက်တွင် ဆက်လက် ကျင်းပမည့် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးသို့
တင်ပြ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment