Wednesday, April 2, 2014

ပညာရှင်များ မွေးထုတ်ရေးအတွက် နိုင်ငံတော်က ထောက်ပံ့ ပေးအပ်ရန်လိုသည်များ ဆောင်ရွက်ပေးသွားမည်





နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီးနှင့် ခုတင် ၃၀၀ ဆံ့ သင် ကြားရေး ဆေးရုံကြီးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာဒေါ်သိန်းသိန်းဌေး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီးသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ တင်တင်မိုးနှင့် အထူးကု ဆရာဝန်ကြီး များက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတသည် နား၊ နှာခေါင်း၊ လည်ချောင်း ပြင်ပလူနာဌာန၊ မျက်စိပြင်ပလူနာဌာန၊ ဆေး ဆိုင်ဖွင့်လှစ်ထားရှိမှု၊ ဆေးသိုလှောင်ခန်း၊ တီဗွီဓာတ်မှန်ခန်း၊ ဓာတ်မှန်ခန်း၊ ဗဟိုပိုးမွှားသန့်စင်ခန်း၊ ဝန်ထမ်း အိမ်ရာ၊ မန္တလေးအမျိုးသားမျက်စိဘဏ်၊ မျက်စိလူနာဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ် ခန်းတို့အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ပြီး ဆေးဝါး ကုသမှုခံယူကြ သည့် ဝေဒနာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံရာ၌ ဒုတိယသမ္မတအား ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးကကျန်းမာရေးဆိုင်ရာ အချက် အလက် များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယ သမ္မတက အမှာ စကားပြောကြားရာတွင် မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်ကြီးများအပါအဝင် ဝန်ထမ်းများအားလုံး မိသားစုသဖွယ် သိုက်သိုက် ဝန်းဝန်း တာဝန်ထမ်းဆောင်နေသည်ကို မြင်တွေ့ရ၍ ဝမ်းသာ ဂုဏ်ယူ ပါကြောင်း၊ မိမိအနေဖြင့် မန္တလေးသို့ ရောက်ရှိစဉ် ဤဆေးရုံကြီးကို တကူးတက လာရောက်၍ နှုတ်ဆက်အားပေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးရန် လာရောက်ခြင်းဖြစ် ပါကြောင်း။
ဤဆေးရုံကြီးအနေဖြင့် အဆောက်အအုံပိုင်းဆိုင်ရာ လုံလောက်မှုရှိပြီး စက်ပစ္စည်းများ ပြည့်ပြည့်စုံစုံ တွေ့မြင်ရ သည့်အတွက် ဝမ်းသာမိပါကြောင်း၊ စက်ပစ္စည်း များ ပြည့်စုံမှုရှိ သည့်အတွက် ပြည်တွင်းလူနာများအပြင် Medical Tourism ခေါ်သည့် နိုင်ငံတကာမှ လာရောက် ကုသရန် ဖြစ်နိုင်ခြေအား ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးသင့်ပါကြောင်း၊ မိမိဆေးရုံကြီးတွင် ပစ္စည်းကိရိယာ များပြည့်စုံပြီး ဈေးနှုန်းသက်သာမှုရှိလျှင် နိုင်ငံတကာက လူနာများအနေဖြင့် လည်း လာရောက်ဆေးကုသမှု ခံယူမှာဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံမှာလည်း ယင်းလုပ်ငန်းများ လုပ်ဆောင် နေသည်ကိုလည်းတွေ့ရှိရပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုမိုရရှိ လာနိုင်ပြီး နိုင်ငံ တကာမှာ ကျင့်သုံးနေသော နည်းလမ်းလည်းဖြစ်ပါကြောင်း။
ဤကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် မိမိခြေထောက်ပေါ် ရပ်တည်နိုင်ပြီး လိုအပ်သည့် စက်ကိရိယာများ ပိုမို ဖြည့်တင်းနိုင်မှာဖြစ်ပါကြောင်း၊ ဈေးနှုန်းကြီးမြင့်သည့် ကုသရေးပိုင်းဆိုင်ရာ စက်ကိရိယာ များကို ထောက်ပံ့ ပေးရာတွင် နိုင်ငံတော်အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးနေရသည့် အခြေအနေ ကိုလည်း ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊ ကြည့်ရှုစစ်ဆေးခဲ့သော ဆေးရုံများတွင် မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီးမှာ အခြေ အနေကောင်းမွန်ပြီး ဆေးဝါးများ ပြည့်စုံသည့်အတွက် လူနာများတစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား သည်ကို လည်း တွေ့ရှိရပါကြောင်း၊ ဆေးရုံကြီးများသို့ လှည့်လည် ကြည့်ရှု စစ်ဆေးရာတွင် ကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်များ တွေ့ရှိရပါကြောင်း။ ပညာရှင်များ မွေးထုတ်ရေး အတွက်နိုင်ငံတော် က ထောက်ပံ့ပေးအပ်ရန် လိုအပ်သည့်ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ဝန်ထမ်း အိမ်ရာ လိုအပ်ချက်နှင့် ပတ်သက်၍ ထပ်မံဆောက်လုပ်မည့် အဆောက်အအုံများတွင် အထပ်မြင့် များ ဆောက်လုပ်နိုင်ရေး ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း။
အထပ်မြင့်အဆောက်အအုံ ကို နှစ်အလိုက်ဆောက်လုပ်သွားနိုင်ရေး ကြိုတင်မျှော်တွေး ပူးပေါင်းဆောင် ရွက် သွားရန် လိုအပ်ပါကြောင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါအထူးကုဆေးရုံကြီး အနေဖြင့် ပြင်ပ ဆေးခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြင်ပဆေးရုံ၊ ဆေးခန်းများမှ ဆရာဝန်ဆရာမများမှာလည်း မိမိတို့၏ လုပ်ဖော်ကိုင်ဖက် များသာဖြစ်၍ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်း စုပေါင်း လုပ်ဆောင် သင့်ပါကြောင်း။
အခမဲ့ဆေးကုသ ပေးခြင်းဖြစ်၍ တစ်နှစ်ထက်တစ်နှစ် လူနာများပိုမိုများပြား လာမည်ဖြစ်ရာ ပြင်ပဆေး ရုံ ဆေးခန်းများမှ ဆောင်ရွက်နိုင်သည်တို့ကို ဆောင်ရွက်ပေးပါက မိမိတို့ ဆေးရုံ၏ ဝန်ထုပ်ဝန်ပိုးဖြစ်မှုကို အထိုက်အလျောက် အဆင်ပြေစေမည်ဖြစ်ပါကြောင်း၊ ဤအထူး ကုဆေးရုံကြီးကို လှည့်လည်ကြည့်ရှု စစ်ဆေးရာတွင် အဆောက် အအုံပိုင်းဆိုင်ရာ သပ်ရပ်သန့်ရှင်းမှု၊ ကုသရေးဆိုင်ရာ စက်ပစ္စည်း ကိရိယာများ ပြည့်စုံ လုံလောက်မှု တို့ကို ကျေနပ်အားရမှုရှိပါကြောင်း၊ လက်ရှိအခြေအနေကို ဆက်လက် ထိန်းသိမ်းကာ ဝန်ထမ်းအဆင့်အတန်း အားလုံး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြော ကြားသည်။
ထို့နောက် ဆရာဝန်ကြီးများက သင်ကြားရေးအထောက်အကူပြု ပစ္စည်းထောက်ပံ့ပေးရေး၊ ကုသရေး ဆိုင်ရာ စက်ကိရိယာ လိုအပ်ချက်များ ဖြည့်တင်းပေးရေးတို့ကို တင်ပြကြရာ ဒုတိယသမ္မတ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ခုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေး ရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာမေသင်းနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်များက ကြိုဆိုကြသည်။ ထို့နောက် ဒုတိယသမ္မတသည် ခုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံကြီး တွင် ပြင်ပလူနာဌာန၊ အရေးပေါ် လူနာဌာန၊ ခံတွင်းနှင့် သွားရောဂါ ကုသဌာန၊ ဖျားနာ ကုသဆောင်ရှိ အမျိုးသမီးလူနာခန်း၊ အမျိုးသားလူနာခန်း၊ ကလေးကုသဆောင်၊ သားဖွား မီးယပ် ကုသဆောင်၊ အရိုးနှင့်ထိခိုက်ဒဏ်ရာ ကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ် လူနာဆောင်၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ရောဂါဗေဒဌာန၊ ဆေးသိုလှောင်ခန်းနှင့် ခွဲစိတ်ခန်းတို့အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တက်ရောက် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာမေသင်းက ကျန်းမာရေးဆိုင်ရာ အချက် အလက် များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းရာသက်ဆိုင်ရာဌာနတာဝန်ခံ ဆရာဝန်ကြီး များ က လုပ်ငန်းလိုအပ်ချက်များကို အသီးသီးအကြံပြုဆွေးနွေးကြသည်။ ယင်းနောက် တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

No comments:

Post a Comment