Tuesday, April 29, 2014

အိန္ဒိယ ရေတပ်မှ စစ်သင်္ဘောသုံးစင်း ရန်ကုန်မြို့သို့ ရောက်ရှိ

ရန်ကုန် ဧပြီ ၂၈
အိန္ဒိယရေတပ်မှ Commanding Officer Captain CDR HAPPY MOHAN ဦးဆောင်၍ အရာရှိ စစ်သည် ၅၈၅ ဦး လိုက်ပါလာသည့် စစ်ရေယာဉ် INS GHARIAL; INS SUJASTA နှစ်စင်းနှင့် ကမ်းခြေစောင့် ရေယာဉ် ICGTS VARUNA တို့သည် ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ဧပြီ ၂၇ ရက်တွင် ရန်ကုန်မြို့ သန်လျင်သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

ခရီးစဉ်အတွင်း ဧပြီ ၂၉ ရက်တွင် သန်လျင်မြို့နယ် ဆေးရုံ၌ အခမဲ့ ဆေးကုသပေးရန် စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယရေတပ် တီးဝိုင်းသည် ဧပြီ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ပင်လယ်ဖြတ်ကျော် ချစ်ကြည်မှုနှင့် ဟာမိုနီဖြစ်မှု အမည်ဖြင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်နှင့် ပဲခူးတို့ရှိ ထင်ရှားသော သမိုင်းဝင် နေရာများနှင့် ယဉ်ကျေးမှု နေရာများသို့ လည်ပတ်လေ့လာကြပြီး နှစ်ဖက် အဆင့်မြင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment